နေပြည်တော်ရှိ ဘူးလက်လှဆွေ၏ နေအိမ်ဗုံးပစ်ခံရ

နေပြည်တော်ရှိ ဘူးလက်လှဆွေ၏ နေအိမ်ဗုံးပစ်ခံရ

အောက်တိုဘာ ၇

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘူးလက်လှဆွေ၏ နေအိမ်အား အောက်တိုဘာလ ၄ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(နေပြည်တော်)မှ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၆ရက်တွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ သတိပေးရုံပဲ လုပ်ခဲ့တာဗျ။ ခြံထဲကိုလက်ပစ်ဗုံးပစ်ထည့်ပြီးတော့ ဘာတွေထိခိုက်သွားလဲတော့ မသိဘူး" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်)မှ မဇ္ဇျိမကိုပြောသည်။

အောက်တိုဘာလ ၅ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန၏ Non CDM ဝန်ထမ်းကြိုပို့ ဖယ်ရီကို ၎င်းတို့အဖွဲ့က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သေးသည်။

ထပ်မံပြီး အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေပြည်တော်၊ ပျဥ်းမနား၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူရွာအနီး အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသအခေါ် (မကေသီဂိတ်)၌ ပြည်သူ့ကာကွယ်ရေ းတပ်ဖွဲ့(နေပြည်တော်)မှ ရှောင်တခင်ဝင်တိုက်ခိုက်ရာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနေ့ ညနေတွင်ပင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ CID (မှုခင်းတပ်ဖွဲ့)ရုံးအား အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့အင်အားစုမှ အပြင်းစားဖောက်ခွဲမှုတစ်ခုပြုလုပ်ရာ ရဲအရာရှိ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required