ဒူဘိုင်းမြို့ ကုန်စည်ပြပွဲတွင် အိန္ဒိယက ကျွမ်းကျင်မှု၊ ကုန်သွယ်ရေး၊ ရိုးရာ၊ ခရီးသွားလုပ်ငန်း၊ နည်းပညာများကို ပါဝင်ပြသမည်

ဒူဘိုင်းမြို့ ကုန်စည်ပြပွဲတွင် အိန္ဒိယက ကျွမ်းကျင်မှု၊ ကုန်သွယ်ရေး၊ ရိုးရာ၊ ခရီးသွားလုပ်ငန်း၊ နည်းပညာများကို ပါဝင်ပြသမည်

အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြပွဲ Expo 2020 Dubai တွင် အိန္ဒိယနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။ အရောင်အအသွေးစုံကာ ရှုချင်ဖွယ်ရာများဖြင့် စိတ်ဝင်စားစရာဖြစ်အောင် ပြသမှုများကို စက်တင်ဘာ ၃၀ ရက်က စတင်လုပ်ဆောင်ခဲ့ရာတွင် အိန္ဒိယက နို်ငငံအတွင်းမှ လုပ်ငန်းရှင်အများအပြားအတွက် စတုရန်း မီတာ ၈၇၅၀ အကျယ်အဝန်းရှိ အနုပညာမြောက်စွာ ပြခန်းကို ပြင်ဆင်ထားခဲ့သည်။

နိုင်ငံ တိုးတက်ရေးအတွက် ဟန့်တားနေသည့် စိန်ခေါ်မှုများအတွက် အဖြေရှာရန် တစ်သက်တာတွင် တစ်ကြိမ်သာရသည့်အခွင့်အရေးကို အိန္ဒိယက အရယူမည်ဟု ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ရည်မှန်းချက်ကို ချမှတ်ထားသည်။

ကုန်စည်ပြပွဲ၌ ထူးခြားဆန်းပြားသည့် စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုအစီအစဉ်များ နေ့စဉ်ပါဝင်မည်ဖြစ်သောကြောင့် လာမည့် ၆ လအတွင်း စိတ်ဝင်စားမှု၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် ရေးတို့တွင် ယှဉ်ပြိုင်မှု ပြင်းထန်မည်ကို အိန္ဒိယအစိုးရက နားလည်ထားသည်။ ယင်းကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၂၀၀ က ပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်သည်။

ရှေးဟောင်းနှင့် အနာဂတ်အိန္ဒိယ၏ ပေါင်းစုံရာ

အဆင့်မြင့်နည်းပညာအသုံးပြုကာ အိန္ဒိယ၏ ပြခန်းသည် ရှေးဟောင်းနှင့် အနာဂတ်အိန္ဒိယတို့၏ ယဉ်ကျေးမှုပေါင်းစုံရာ နေရာတစ်ခုအဖြစ် ပြသသွားမည်ဖြစ်သည်။အထပ် ၄ ထပ်ပါ အိန္ဒိယပြခန်းကို နိုင်ငံ၏ ထင်ရှားသည့် ကဏ္ဍများဖြစ်သည့် ယောဂ၊ အာယုဝေဒဆေးပညာ၊ စာပေ၊ အနုပညာ၊ အမွေအနှစ်၊ ဟင်းအမယ်များနှင့် အာကာသနည်းပညာတို့ဖြင့် လာရောက်သူတိုင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် စွဲဆောင်သွားမည်ဖြစ်သည်။

သို့သော် ပြခန်း၏ အပြင်ဖက်အခြမ်းသည် ကြည့်ရှုသူများ၏ ချီးမွမ်းမှုကို များစွာ ရရှိစေသည်။ ဆန်းသစ်တီထွင် ထားသည့် မျက်နှာစာကို လှုပ်ရှားပြောင်းလဲနိုင်သည့် ဘလောက်တုံး ၆၀၀ နှင့် တည်ဆောက်ထားကာ ကိုယ်ပိုင်ဝင်ရိုးတစ်ခုချင်းစီပေါ်တွင် လည်ပတ်နိုင်သည့် ဘလောက်တုံးများဖြင့် အကြောင်းအရာပေါင်းစုံအတွက် ပုံသဏ္ဍာန်တစ်ခုစီကို ဖန်တီးသွားမည်ဖြစ်သည်။

ယခုဒီဇိုင်းသည် ‘အိနိ္ဒယ၏ လှုပ်ရှားမှု’ ‘အိန္ဒိယ၏ မတူကွဲပြား’ မှုအကြောင်းအရာများကို ပုံဖော်ထားခြင်းဖြစ်သည်။

နည်းပညာနှင့် ကုန်သွယ်ရေး

အိန္ဒိယပြခန်း၏ မြေညီထပ်တွင် ‘ခေတ်သစ် အိန္ဒိယ’ အစီအစဉ်ကို ပြသထားရာတွင် နိုင်ငံ၏ ပညာရပ်နှင့် နည်းပညာဖွံ့ဖြိုးမှုများနှင့် ယောဂ၊ အာယုဝေဒ ဆေးပညာတို့ကို ပြသထားသည်။

ကုန်ဆုံးမသွားနိုင်သည့် အိန္ဒိယ၏ အခွင့်အလမ်းများပြခန်းတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အာရပ်စော်ဘွားများနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly