အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈၉ ကုဋေနီးပါး ထိုးပေးပြီး

အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈၉ ကုဋေနီးပါး ထိုးပေးပြီး

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၈၉ ကုဋေနီးပါး ထိုးပေးပြီး ဖြစ်ကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင် စာရင်းထုတ်ပြန်လိုက်သည်။

ကာကွယ်ရေး ၅၈ သိန်းကျော်ကို စက်တင်ဘာ ၃၀ ရက် ည ၇ နာရီအထိ ထိုးပေးခဲ့သည်။

ပထမအကြိမ် ထိုးနှံမှုတွင် အလုံးရေ ၆၄၉၈၂၈၃၃၃ နှင့် ဒုတိယအကြိမ်ထိုးနှံမှုတွင် လုံးရေ ၂၃၉၇၈၆၁၅၀ အား နိုင်ငံအနှံ့ ထိုးပေးခဲပြီးဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရန် စိုးရိမ်ရဆုံးဖြစ်သည့် အုပ်စုများအား ကာကွယ်ပေးရန် ကာကွယ်ဆေး အစီအစဉ်အား အမြင့်ဆုံးအဆင့်ဖြင့် ပုံမှန်သုံးသပ်စောင့်ကြည့်သွားမည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ရာတွင် ကျန်းမာရေး ဝန်ထမ်းများကို ပထမအဆင့်တွင် စတင်ထိုးနှံပေးခဲ့ကာ ကိုဗစ်ရောဂါဆိုင်ရာ စောင့်ရှောက်မှုပေးသည့် ဝန်ထမ်းမျးကို ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ထိုးပေးခဲ့သည်။

ဒုတိယအဆင့်တွင် မတ်လ ၁ ရက်မှစတင်၍ ရောဂါတစ်ခုခုရှိသည့် အသက် ၆၀ နှင့်အထက်များ၊ အသက် ၄၅ နှစ် အထက်များကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

အိန္ဒိယတွင် အသက် ၄၅ နှစ်အထက် ပြည်သူအားလုံးကို ဧပြီ ၁ ရက်မှစတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အသက် ၁၈ နှစ်နှင့် အထက် လူတိုင်းကို မေ ၁ ရက်မှ စတင်၍ ထိုးနှံပေးရန် အစိုးရက ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly