ကမ္ဘောဒီးယားရှိ တရုတ်ပိုင်ကာစီနို၌ အတင်းအကျပ်အလုပ်ခိုင်းစေမှုကြောင့် ကိုဗစ်ကူးစက်ခံထားရသည့် အမျိုးသမီး သေဆုံး

ကမ္ဘောဒီးယားရှိ တရုတ်ပိုင်ကာစီနို၌ အတင်းအကျပ်အလုပ်ခိုင်းစေမှုကြောင့် ကိုဗစ်ကူးစက်ခံထားရသည့် အမျိုးသမီး သေဆုံး

ကမ္ဘောဒီးယား၌ တရုတ်ပိုင်လောင်းကစားရုံတွင်အလုပ်လုပ်သော အမျိုးသမီးတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသော်လည်း ပိုင်ရှင်များက အတင်းအဓမ္မအလုပ်ခိုင်းစေမှုကြောင့် သေဆုံးခဲ့သည်။

သေဆုံးသွားသော ဟန်ဆရီနစ်ချ်အမည်ရှိ အမျိုးသမီးသည် The Century Casino လောင်းကစားရုံ၌ အလုပ်လုပ်သူဖြစ်သည်။ လွန်ခဲ့သော ၅ ရက်က ကိုဗစ် COVID-19 ကူးစက်ခံခဲ့ရသော ဟန်သည် အစာအဆိပ်သင့်ခြင်းနှင့် ရေဓာတ်ဆုံးရှုံးခြင်းတို့ကြောင့် သေဆုံးခဲ့သည်ဟု ၎င်းတို့၏ မိသားစု ဆရာဝန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Radio Free Asia သတင်းတွင် ဖော်ပြခဲ့သည်။

ဖျားနေစဉ် အလုပ်ဆက်လုပ်ရန် စေခိုင်းမှုအတွက် တရုတ်အလုပ်ရှင်အနေဖြင့် လျော်ကြေးပေးရန် သေဆုံးသူမိသားစုဝင်များက ကမ္ဘောဒီးယားအာဏာပိုင်များကို တိုက်တွန်းထားသည်ဟု ဟန်ဆရီနစ်ချ်၏ ဆွေမျိုးဝမ်းကွဲတော်စပ်သူ ရော့စ်လန်က ပြောသည်။

ကာစီနိုက ဟန်ဆရီနစ်ချ်သေဆုံးမှုအကြောင်း မိသားစုကို အကြောင်းမကြားခဲ့သလို သူမလစာကိုလည်း မပေးခဲ့ကြောင်းနှင့် မိသားစုအနေဖြင့် သူမသေဆုံးမှုကို လုပ်ဖော်ကိုင်ဖက်များထံမှ သိခဲ့ရကြောင်း ရော့စ်ကပြောသည်။

လွန်ခဲ့သောရက်များက ကာစီနိုမှ အလုပ်သမား ၄၃၇ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အလုပ်သမားအဖွဲ့က ဖေ့စ်ဘွတ် ၌ တိုက်ရိုက်လွှင့်ခဲ့ပြီးနောက် အဆိုပါသတင်း ပျံ့နှံ့ခဲ့သည်။

ဖျားနေစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း စီမံခြင်းအပါအဝင် အလုပ်များလုပ်ရန် အတင်းအကျပ်စေခိုင်းခံရကြောင်းနှင့် မတ်လကတည်းက မည်သည့်ကုသမှုမှမခံယူရဘဲ အဆောက်အအုံတွင်း၌သာနေရန် ဖိအားပေးခံရကြောင်း အလုပ်သမားများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly