၂ နှစ်တစ်ကြိမ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအစီအစဉ်ကို ဆန့်ကျင်လိုက်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဒါရိုက်တာ လမ်း

၂ နှစ်တစ်ကြိမ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအစီအစဉ်ကို ဆန့်ကျင်လိုက်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဒါရိုက်တာ လမ်း
Photo: AFP

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဒါရိုက်တာ ဂျာမနီအသင်းခေါင်းဆောင်ဟောင်း ဖိလစ်လမ်းက ၎င်းအနေနဲ့ အငြင်းပွားနေတဲ့ ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ဆန့်ကျင်တယ်လို့ အင်္ဂါနေ့က ပြောဆိုပါတယ်။

"အခု လက်ရှိနေတဲ့ ပုံမှန်အတိုင်း ရှိနေသင့်တယ်လို့ ကျနော် ယူဆပါတယ်။"လို့ ၂၀၁၄ ကမ္ဘာ့ဖလားဆွတ်ခူးရယူခဲ့တဲ့ ဂျာမနီအသင်းခေါင်းဆောင်နဲ့ ၂၀၁၇ က ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တဲ့ လမ်းက ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းဟာ ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲအကြား ၂ နှစ်ခြားနဲ့ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ စနစ်ကို ထိန်းထားစေချင်တာပါ။

"ကစားသမားတစ်ယောကအနေနဲ့ ပုံမှန်အတိုင်း ကျင်းပတဲ့ အဓိကပြိုင်ပွဲအတွက် ဆင်နွှဲခဲ့ရတာ ပျော်ရွှင်သလို ပရိသတ်တစ်ယောက်အနေနဲ့လည်း ခံစားရတဲ့အရာက ဒီအတိုင်းပါပဲ။

"ပြောရရင် အရင်ရှိနေတဲ့ ပုံစံအတိုင်သွားသင့်တယ်လို့ လုံးဝ ကျနော် ယုံကြည်ပါတယ်"

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၎င်းရဲ့ အဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ် ၂၁၁ ခုနဲ့ အစည်းအဝေးကျင်းပခဲ့ပြီး ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ၎င်းတို့ရဲ့ ထောက်ခံမှုရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) က ဒီအစီအစဉ်တွေကို ဆန့်ကျင်ကြောင်း ပြောပါတယ်။

လမ်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကျင်းပမယ့် ဘာလင်ရဲ့ အိုလံပစ်အားကစားကွင်းမှာ အင်္ဂါနေ့က တက်ရောက် ဖွင့်လစ်ခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းလိုက်ပြီး ဥရောပနိုင်ငံ ၁၁ နိုင်ငံအသီးသီးမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲလိုမဟုတ်ဘဲ ဂျာမနီနိုင်ငံဟာ ၂၀၂၄ မှာ အိမ်ရှင်အဖြစ် ကျင်းပနိုင်မှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly