တောင်ဒဂုံ အုပ်ကြီးရုံးရှေ့ ဗုံး ၂ လုံးဆက်တိုက်ပေါက်၊ ရာအိမ်မှူး ဒဏ်ရာရ

တောင်ဒဂုံ အုပ်ကြီးရုံးရှေ့ ဗုံး ၂ လုံးဆက်တိုက်ပေါက်၊ ရာအိမ်မှူး ဒဏ်ရာရ

အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုရှေ့တွင် ဗုံးနှစ်လုံးဆက်တိုက်ဆိုသလိုပေါက်ကွဲရာ ရာအိမ်မှူးဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ဒဂုံမြို့နယ် (၂၄) ရပ်ကွက် ၊ ရပ်ကွက်ရုံးရှေ့တွင် ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ၊ ၆နာရီ ၃၆ မိနစ်တွင် တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုတစ်ခုတွင် ရာအိမ်မှူး ဦးစောသန်းထွန်း၏ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိသွားသည်။

" မသင်္ကာစရာ အိတ် တစ်ခုကို ဒုတ်နဲ့ သွားထိုးတာကနေ ပေါက်ကွဲမူဖြစ်ပေါ်ခဲ့တာလို့ ကျွန်တော်တို့ ကြားမိတယ်ဗျ။ အဲဒီ ဗုံးပေါက်တာကြောင့် ရာအိမ်မှူးတော့ ဒဏ်ရာရသွားတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မနက်ပိုင်းတွင် သာကေတမြို့နယ် အဝိုင်းကြီး အနီးနှင့် သံလျင်မြို့နယ် က. ည. န ရုံး အနီးတွင်လည်း ဗုံးပေါက်ကွဲမူ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly