“ဆင်းရဲနွမ်းပါးမှု လျော့ချရေးလား၊ ဆင်းရဲနွမ်းပါသူတွေကို လျော့နေတာလား”

“ဆင်းရဲနွမ်းပါးမှု လျော့ချရေးလား၊ ဆင်းရဲနွမ်းပါသူတွေကို လျော့နေတာလား”

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာနေတဲ့ ဦးစံထွန်း ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာကတော့ ဌာနဆိုင် ရာအချင်းချင်း ပေါင်းစပ် ညှိနှိုင်း လုပ်ဆောင်မှု မရှိတာကြောင့် ပြည်သူတွေနဲ့ နိုင်ငံတော် ဘဏ္ဍာငွေ တွေ နစ်နာ ရှုံးဆုံးပြီး အလဟသ ဖြစ်ရတဲ့အကြောင်းကို အကြံပြု ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူဖတ်လိုက်ရတဲ့ အခုတလော လူပြောများနေတဲ့ လှည်းကူးမြို့နယ်မှာ ကျူးကျော်အိမ် တစ်ထောင် ကျော်ကို မြေကော်စက်နဲ့ ဖျက်ဆီး ဖယ်ရှားတဲ့အကြောင်းကို အခြေခံပြီး ရေးသားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေးရွာမှာ ပေ ၄၀၊ ၆၀ မြေတက်ကွက်ကို ၇ သိန်းမှ ၁၅ သိန်းအထိ ဈေးသက်မှတ်ပြီး ရောင်းနေတဲ့သတင်းကို သူ ဂျာနယ်နဲ့ သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။ သူလည်း စိတ်ဝင်စားတာကြောင့် စုံစမ်းကြည့်တော့ ဒီနေရာ ဟာ လယ်ယာစိုက်ပျိုးရေးနှင့် ဆန်မြောင်းဝန်ကြီးဌာနက ပိုင်တဲ့ လှည်းကူးမြို့နယ်က ကျွန်းကလေး စိုက်ခင်းမြေနေရာ ဖြစ်နေတာကြောင့် မဝယ်ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ ရောင်းတဲ့သူကို မေးကြည့် တော့ KNU/KNLA (Pc)က ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်ဆိုပြီး တာဝန်ခံကိုယ်တိုင် စလစ် ထုတ်ပေးပြီး ရောင်းခဲ့တာ ဖြစ်တယ်လို့ ရေးပါတယ်။

အခု ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၃ နာရီမှာ မြေဧ က ကိုးရာကျော်ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ခြေတစ်ထောင်ကျော်ကို မြေကော်စက်များနဲ့ ဖျက်ဆီး ဖယ်ရှားတယ်ဆိုတာ ဖတ်လိုက်ရတော့ သူ အံ့သြမိတယ်လို့ ပြောပါတယ်။ သူ့လို ဘာမဟုတ် တဲ့ ဝန်ထမ်းတစ်ဦးတောင် သတင်းစာ ဂျာနယ်တွေဖတ်ပြီး အစကတည်းက သိနေခဲ့တာကို စရောင်းက တည်းက ဌာနဆိုင်ရာတွေက တားဆီးဖို့ကောင်း တယ်လို့ ဆိုပါတယ်။ အခုတော့ ဝယ်ထားတဲ့သူ၊ အိမ်ဆောက်ထားတဲ့သူတွေမှာ အဖျက်ခံလိုက်ရတဲ့အတွက် နစ်နာရှုံးရသလို ဌာနဆိုင်ရာတွေအနေ နဲ့လည်း လူအင်အား၊ စက်အင်အား သုံးရလို့ ငွေကြေး နစ်နာခဲ့ရတာ ဖြစ်လို့ မဖြစ်သင့်တဲ့ အဖြစ်အ ပျက်တစ်ခုအဖြစ် သူ့အနေနဲ့ မြင်မိတယ်လို့ ရေးပါတယ်။

မြေဝယ်မိတဲ့ သူတွေအနေနဲ့ မသိနားမလည်လို့ ဝယ်ကြတာဖြစ်နိုင်ပြီး မြန်မာနိုင်ငံမှာ လူတွေ ဘယ်လောက် အသိအမြင် ဗဟုသုတ နည်းပါးနေသေးတယ်ဆိုတာ သိနိုင်ပါတယ်။ တကယ်ဆို အိမ်ရာဆောက်ခွင့်ရှိတဲ့ အိမ်မြေ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်း ဌာနတွေကို မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူသင့်သလို သက်ဆိုင်ရာ ဌာနတွေကလည်း ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို သိတာတွေကို သိတာတွေးတာနဲ့ ချက်ချင်း ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းလက်တွဲ ဆောင်ရွက်လို့ အရေးယူသင့်ပါတယ်လို့ ပြောပါတယ်။ အခုလို အချိန်ကြာလို့ အိမ်ဆောက်ပြီးမှ ဖျက်တယ်ဆိုတော့ နစ်နာဆုံးရှုံချင် ဆုံးရှုံးပစေ လုပ်ချင်တဲ့အချိန်မှ အပေါ်က အမိန့်ရမှ တမင်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ မမွေးသင့်ပါဘူး။

သတင်းထဲမှာ ဖတ်လိုက်ရတဲ့ တာဝန်ရှိသူတစ်ဦးက ယင်းကဲ့သို့ ပျက်စီးမှုကြောင့် နစ်နာခဲ့ရသူများဟာလည်း လှည်းကူးမြို့နယ် တရားရုံးတွင် ဥပဒေ ကြောင်းအရ ဖြေရှင်းဖို့ တိုင်ကြားနိုင်ပြီး နစ်နာမှုအတွက် တရားရုံးကို အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားထားတာ ဖတ်ရတော့ ငယ်တဲ့အမှုကို ကြီးအောင်လုပ်တဲ့ မြန်မာနိုင်ငံက ဌာနဆိုင်ရာတွေကို လေးစားမိတယ်လို့ ဆိုပါတယ်။ ပြည်သူတွေကလည်း လိုတာထက်ပိုတဲ့ လောဘနဲ့ တကယ်နေစရာ မရှိလို့ ဝယ်တဲ့သူကနည်းနည်းနဲ့ အချိန်ကြာလို့ ဈေးတက်ပြီး အမြတ်ရဖို့ ဝယ်ကြတာကို ဖျက်တဲ့ အိမ်တစ်ထောင်ကျော်မှာ ၃၀၀ ရာပဲ လူနေအိမ်ဖြစ်ပြီး ကျန်တဲ့ ၇၀၀ ကျော်က လူမနေတဲ့ အိမ်တွေဖြစ် နေတာက ပြနေပါတယ်လို့ ရေးပါတယ်။ ဒီအဖြစ်အပျက်တွေက လူဦးရေ များလာတာနဲ့အမျှ လူတွေ ဟာ နေထိုင်ဖို့ ခက်ခဲလာတာကို တာဝန်ရှိသူ အစိုးရအနေနဲ့ စီမံချက်တွေ၊ စီမံကိန်းတွေချပြီး လုပ်ဆောင်ပေးဖို့ မီးမောင်းထိုးပြနေတာ ဖြစ်တဲ့အကြောင်း အကြံပြု ရေးသာလာတဲ့ စာကို ဖော်ပြ လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly