တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် ပါကစ္စတန်အခြေစိုက် ပြည်ပစစ်သွေးကြွများ အိန္ဒိယနိုင်ငံ ဂျမူး ကက်ရှ်မီးယားတွင် များပြားလာ

By EU Today
05 October 2021
တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် ပါကစ္စတန်အခြေစိုက် ပြည်ပစစ်သွေးကြွများ အိန္ဒိယနိုင်ငံ ဂျမူး ကက်ရှ်မီးယားတွင် များပြားလာ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရက ဂျမူးဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်တွင် ကန့်သတ်လိုက်ပြီးနောက် ယင်းဒေသတွင် ပထမအကြိမ်ဆုံးအဖြစ် ပြည်ပစစ်သွေးကြွများပြားလာသဖြင့် အာဖဂန်နစ္စတန်တွင် ဩဂုတ်လအတွင်းက တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဝီနိုင်ငံရေးအခြေအနေ ပြင်ဆင်ပြောင်းလဲမှုကို အိန္ဒိယအစိုးရက လုပ်ဆောင်ရန် လိုအပ်လာကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်အုပ်စုဖြစ်သော ဟက်ကာနီကွန်ရက်နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ပါကစ္စတန်အခြေစိုက် Jash-e-Mohammad (JeM) နှင့် Lashkar-e-Toiba (LeT) အဖွဲ့များနှင့် ဆက်စပ်နေသော ပြည်ပတိုက်ခိုက်ရေးသမားများသည် ကက်ရှ်မီးယားဒေသအတွင်းသို့ ဝင်ရောက်လျှက်ရှိသည်။ ၎င်းတို့ကို ပါကစ္စတန်မှ ကက်ရှ်မီးယားဒေသ မြောက်ပိုင်းသို့ ဝင်ရောက်နေကြောင်း ဆရီနဂါမြို့ရှိ အိန္ဒိယရဲအရာရှိတစ်ဦးက Nikkei Asia သို့ ပြောကြားသည်။

အိန္ဒိယရဲတပ်ဖွဲ့၏ နောက်စုပြုစုထားသည့် အချက်အလက်များအား Nikkei က တွေ့ရှိခဲ့ရာတွင် ပါကစ္စတန်၏ ပန်ဂျပ်ဒေသနှင့် လူမျိုးစုဒေသများမှ အများဆုံးဖြစ်သော ပြည့်စစ်သွေးကြွ ၅၀ သည် ဇူလိုင်လမှ စတင်ကာ ဝင်ရာက်ခဲ့ပြီး အိန္ဒိယပြည်ထောင်စုနယ်မြေ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ အစိတ်အပို်ငးတစ်ခုဖြစ်သော ကက်ရှ်မီးယားမြောက်ပိုင်းတွင် လှုပ်ရှားနေကြကြောင်း ဖော်ပြထားသည်။

ကက်ရှ်မီးယားတွင် ၂၀၁၈ ခုနှစ်က ပြည်ပစစ်သွေးကြွ ၁၄၃ ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ၁၃၈ ဦးသာ ရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်အတွင်းက ၂၃ ဦးသာရှိခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများ တွင် ဖော်ပြထားသည်။

အဆိုပါဒေသအား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက တစ်ပိုင်းတစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်မှ ဖျက်သိမ်းလိုက်ကာ လုံခြုံရေးတင်းကျပ်လိုက်ခြင်းကြောင်း ပြည်ပတိုက်ခိုက်ရေးသမားအရေအတွက် ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ယင်းကာလအတွင်း ကောင်းစွာလေ့ကျင့်မှုမရရှိထားသည့် ဒေသခံစစ်သွေးကြွ ရာပေါင်းများစွာသည် အိန္ဒိယတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။

သို့သော် တာလီဘန်တို့က အာဖဂန်နစ္စတန်အား သိမ်းပိုက်ပြီးနောက်တွင် ပြည်ပစစ်သွေးကြွအရေအတွက် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုတပ်များ အာဖဂန်နစ္စတန်တွင် ၁၉၈၉ ခုနှစ်က ရှုံးနိမ့်ပြီးနောက် အခြားနိုင်ငံများမှ အစ္စလာမ္မစ်စစ်သွေးကြွများသည် ကက်ရှ်မီးယားဒေသသို့ ဝင်ရောက်၍ အိန္ဒိယမှ လွတ်လပ်ခွင့်ရရန် တိုက်ခိုက်ခဲ့ကြသည်။ အလားတူဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို အိန္ဒိယအာဏာပိုင်များ၊ နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။ ပါကစ္စတန်နှင့်နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားရန် အိနိ္ဒယပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာက မကြာသေးမီက ဆွေးနွေးခဲ့သည်။

“ LeT နဲ့ JeM အဖွဲ့တို့က ဟက်ကာနီကွန်ရက်နဲ့ ချိတ်ဆက်မှုအားကောင်းပြီ အိန္ဒိယနဲ့ မသင့်မြတ်တာကြောင့် ကက်ရှ်မီးယားဒေသအပေါ် သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ သူတို့ရှိနေမယ်ဆိုရင် ကက်ရှ်မီးယားနဲ့ အိန္ဒိယရဲ့ အခြားဒေသတွေမှာ အရေးကြီးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အာဖဂန်နစ္စတန်နိုင်ငံ၊ ခန်ဒဟာတွင် အိန္ဒိယလေယာဉ်တစ်စင်း ပြန်ပေးဆွဲခံရပြီးနောက် JeM ခေါင်းဆောင် မာဆွတ်အက်ဇဟာနှင့် သူ၏ သား ၂ ဦးအား လွတ်မြောက်ရေးအတွက် ၁၉၉၉ ခုနှစ်က ကြီးကြပ်ပေးခဲ့ရသူ ဗာအိဒ်က ပြောကြားသည်။

တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးရှာဟန်က ဘီဘီစီသတင်းဌာနနှင့် ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် “မွတ်စလင်တွေအနေနဲ့ ကက်ရှ်မီးယားဖြစ်စေ၊ အိန္ဒိယဖြစ်စေ၊ အခြားနို်ငငံဖြစ်စေ ဘယ်မှာဖြစ်ဖြစ် မွတ်စလင်တွေရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့် ရှိပါတယ်” ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly