တရုတ်၏ လျှပ်စစ်စွမ်းအင်အကျပ်အတည်းက လူမှုရေးမငြိမ်သက်မှု ဖြစ်စေနိုင်

တရုတ်၏ လျှပ်စစ်စွမ်းအင်အကျပ်အတည်းက လူမှုရေးမငြိမ်သက်မှု ဖြစ်စေနိုင်

တရုတ်သည်ဓာတ်အားပေးစက်ရုံများအတွက် လောင်စာဖြည့်တင်းရေးကျောက်မီးသွေး အလုံအလောက် ထောက်ပံ့ရန် အပြင်းအထန်ကြိုးစားနေရချိန်တွင် စွမ်းအင်သုံးစွဲသူများအတွက် ကုန်ကျစရိတ်ကို တိုးမြှင့်ရန် လည်း ထည့်သွင်းစဉ်းစားရန် ဖိအားကြုံတွေ့နေရသည်။

စွမ်းအင်အကျပ်အတည်းကိစ္စ အစိုးရ၏ ကိုင်တွယ်ပုံကြောင့် တရုတ်နိုင်ငံအနေဖြင့် လူမှုရေးမငြိမ်သက်မှုများ ရင်ဆိုင်ရဖွယ်ရှိသည်ဟု France 24 သတင်းဌာနက ဖော်ပြထားသည်။ နှစ်ပေါင်းများစွာအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အဆိုးဆုံးခံနေရသော လူဦးရေ သန်း ၁၀၀ နီးပါးရှိသည့် နိုင်ငံအရှေ့မြောက်ဒေသကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ကျောက်မီးသွေးပိုမိုသိုမှီးထားရန် ကြိုးစားရုန်းကန်နေရသည်။

သတင်းထောက် ချားလ်စ် ပီလီဂရင်က တရုတ်က ပြည်တွင်းစားသုံးသူအိမ်ထောင်စုများအတွက် လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်သွားရန် စဉ်းစားနေကြောင်း Bloomberg တွင် ရေးသားထားကြောင်း ပြောကြားသည်။

“ဒါဟာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်စုတွေအတွက် လျှပ်စစ်ဓာတ်အား တိုးကောက်လိုက်ရင် နောက်ပိုင်း ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာစေနိုင်ပြီး တစ်ဖန် ငွေကြောင်းဖောင်းပွမှုက လူနေမှုအဆင့်အတန်းကို နိမ့်ကျစေမှာပါ။

“လူနေမှုအဆင့်အတန်းနိမ့်ကျလာမှုက နောက်ပိုင်းမှာ လူမှုရေးမငြိမ်သက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ တရုတ်မှာက အာဏာပိုင်တွေအတွက် လူမှုရေးတည်ငြိမ်မှုက ကြီးမားတဲ့စဉ်းစားစရာအချက်တစ်ချက်ပါ။

“ဒါကြောင့် သူတို့ဟာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“သူတို့ဟာ ပတ်ဝန်းကျင်ဆိုင်ရာရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး ၂၀၃၀ မတိုင်မီမှာ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးအဖြတ် သတ်မှတ်ထားပြီး ၂၀၆၀ ပြည့်နှစ်မှာ ကာဗွန်ကင်းစင်အောင်လုပ်နေတဲ့အတွက်ကြောင့်ပါ။

“ဒါပေမယ့် မီးတွေဆက်လင်းနေဖို့လည်း လိုနေပါသေးတယ်” ဟု France 24 ကို ပြောသည်။

ဗြိတိန် အခြေစိုက်လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီများနှင့် အကျိုးအမြတ်စပ်တူလုပ်သော တရုတ်နှင့်ဟောင်ကောင်ကုမ္ပဏီများသည် မတန်တဆဓာတ်အားခများရရှိထားသော်လည်း ဗြိတိန်နိုင်ငံရှိ အခွန်ဆောင်သူများထံမှ အကျိုးအမြတ်များ မတန်တဆယူနေခြင်းအတွက် ဝေဖန်ပြစ်တင်ခံနေရသည်။

The Henry Jackson Society အကြံပေးအဖွဲ့မှ ဆမ်အမ်းစထရောင်းက ဗြိတိန် စွမ်းအင် ဓာတ်အားလိုင်းတွေကရတဲ့အကျိုးအမြတ်တွေဟ တရုတ်နိုင်ငံသို့ ပြန်ရောက်နေကြောင်း သတိပေးခဲ့သည်။

ဗြိတိန်၏ စွမ်းအင်ကဏ္ဍ ပိုင်ဆိုင်မှုပုံစံသည် တရုတ်က တစ်နေ့နေ့တွင် မီးများ ဖြတ်တောက်ပစ်ရန် လုပ်ကိုင်ခွင့် ပေးထားသည့် အဓိပ္ပါယ်သက်ရောက်ကြောင်း ဆမ်အမ်းစထရောင်းက ပြောကြားသည်။

“ခင်ဗျားကနိုင်ငံရဲ့ ဘယ်နေရာမှာပဲရှိနေပါစေ၊ တစ်ချိန်တုန်းက ဗြိတိန်အခွန်ဆောင်သူတွေ ပိုင်ဆိုင်နေခဲ့လောက်တဲ့ ခင်ဗျားပိုက်ဆံပေးတဲ့ ခင်ဗျားမသိတဲ့ လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီဟာ အခုအချိန်မှာ အနည်းဆုံးအတိုင်းအတာတစ်ခုအထိ တရုတ် ဒါမှမဟုတ် ဟောင်ကောင်ကုမ္ပဏီက ပိုင်ဆိုင်နေနိုင်ဖွယ်ရှိပါတယ်” ဟု Express.co.uk သို့ပြောသည်။

“တရုတ်ရဲ့ဆန္ဒက စီးပွားရေးအရ အင်အားကြီးဖို့ဖြစ်ပြီး ဟောင်ကောင်က ဗြိတိန်နဲ့ ခိုင်မာတဲ့ချိတ်ဆက်မှုရှိတဲ့ လွတ်လပ်တဲ့ ပြည်နယ် တစ်ခုပါ။

“ဒါပေမယ့် တရုတ်ကတစ်ကမ္ဘာလုံးကိုစိန်ခေါ်နေပြီး အာဏာရှင်ပိုဆန်တဲ့ နိုင်ငံဖြစ်လာပါတယ်။ သူတို့ဟာ လျှပ်စစ်မီးတွေကို ပိတ်ပစ်နိုင်သလားဆိုတာ မေးစရာဖြစ်လာပါတယ်။

“ငွေ ရင်းနှီးထားသူက လုပ်ပိုင်ခွင့်ရှိတယ်လေ” ဟု အမ်းစထရောင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly