နေပြည်တော်တွင် လူကယ်ပြန် ဝန်ထမ်းကြိုပို့ ဖယ်ရီကားကို နေပြည်တော်PDF ဖောက်ခွဲ

နေပြည်တော်တွင် လူကယ်ပြန် ဝန်ထမ်းကြိုပို့ ဖယ်ရီကားကို နေပြည်တော်PDF ဖောက်ခွဲ

အောက်တိုဘာလ ၅ ရက်

နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  ဝန်ထမ်း  ကြိုပို့ ဖယ်ရီကားကို နေပြည်တော် PDFက ယနေ့အောက်တိုဘာ ၅ ရက်တွင် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း ‌သိရသည်။ 

အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း နေပြည်တော် PDF မှ ဗိုလ်ငွေစိုး က လူမှုကွန်ရက်စာမျက်နှာတွင်  ရေးသားထားသည်။

ယင်း ဖယ်ရီကားသည် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် လူကယ်ပြန် ဝန်ထမ်းများအား အကြိုအပို့ လုပ်ပေးနေသည့်ကားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို မဇ္ဈိမက  စုံစမ်းနေဆဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly