'မိုဟာမက် ဆာလာက မက်ဆီနဲ့ စီရော်နယ်လ်ဒိုထက် ပိုကောင်းတယ်' - ခရစ္စ ဆပ်တန်

'မိုဟာမက် ဆာလာက မက်ဆီနဲ့ စီရော်နယ်လ်ဒိုထက် ပိုကောင်းတယ်' - ခရစ္စ ဆပ်တန်
Photo: EPA

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လတ်တလောအချိန်မှာ "ကမ္ဘာ့အကောင်းဆုံးကစားသမား"ဖြစ်တယ်လို့ ဘလက်ဘန်းတိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း ဆာလက်ရဲ့ မန်စီးတီးအသင်းဘက်သွင်းဂိုးကို "ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးသွင်းဂိုးထဲက တစ်ဂိုး"အဖြစ် မှတ်ချက်ပြုခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံ ၉ ပွဲမှာ ၉ ဂိုး သွင်းယူထားခဲ့ပါတယ်။

"ပြောရရင် ဒီအချိန်မှာပေါ့ သူဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတယ်။"လို့ ဆပ်တန်က ပြောပါတယ်။

ဆာလာဟာ စက်တင်ဘာလက သူ့ရဲ့ ၁၀၀ မြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူပြီးတဲ့နောက် မန်စီးတီးနဲ့ပွဲမှာ သူ့ရဲ့ အကောင်းဆုံးထဲက သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့သလို အသင်းဖော် မာနေးရဲ့ ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက် မန်စီးတီးအသင်းက ဖိုဒန်နဲ့ ဒီဘရိုင်းနားတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်း အန်ဖီးလ်မှာ သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။

ဆပ်တန်က ဆာလာရဲ့ "တည်ငြိမ်မှု အဆင့်တွေက" လက်ရှိမှာ သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်စေတယ်လို့ ဆိုပါတယ်။ "ပြီးခဲ့တဲ့ ရာသီအနည်းအငယ်က သူ့ရဲ့ ကိန်းဂဏန်းတွေက စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။"

ဒါပေမယ့် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားတဲ့ ဆာလာဟာ အန်ဖီးလ်မှာ စာချုပ်သစ် သက်တမ်းတိုးဖို့ အသင်းနဲ့ သဘောတူညီမှု မရရှိသေးပါဘူး။

အခုလို မှတ်ချက်ပြုသွားသူကတော့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ဆပ်တန်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ရာသီမှာ တစ်ရာသီ ပျမ်းမျှ ၂၁ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၇-၁၈ ရာသီမှာ ၃၂ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly