တရုတ်က ကုလသမဂ္ဂတွင် အရပ်ဘက်အဖွဲ့အစည်းများကို အခက်ကြုံအောင် ပြုလုပ်နေ

By Foreign Policy
04 October 2021
တရုတ်က ကုလသမဂ္ဂတွင် အရပ်ဘက်အဖွဲ့အစည်းများကို အခက်ကြုံအောင် ပြုလုပ်နေ

တောင်ကိုရီးယားရှိ အစိုးရ မဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် JejuOlle ဖောင်ဒေးရှင်း၏ ရိုးရှင်းသောရည်ရွယ်ချက်တစ်ခုသည် တောင်ကိုရီးယားနိုင်ငံပိုင် ဂျယ်ဂျုကျွန်းကို ခရီးဝေးသော်လည်း ဆက်ဆံရေးလမ်းကြောင်းများကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်းဖြစ်သည်။

သို့သော် ယင်းအဖွဲ့အစည်းကို တရုတ်သံတမန်တစ်ဦးကို ဒေါသထွက်ခဲ့သည်။ မေလတွင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် တရုတ်အရာရှိက ယင်းအဖွဲ့အနေဖြင့် သူတို့၏ ဝက်ဘ်ဆိုက်တွင် ထိုင်ဝမ်ပြည်နယ်အတွက် မှန်ကန်သောအသုံးအနှုန်းကိုသုံးရန်ပျက်ကွက်ခဲ့သည်ဟု ကန့်ကွက်ခဲ့သည်။

ကုလသမဂ္ဂလုပ်ငန်းစဉ်များတွင် အင်န်ဂျီအိုများကို ပါဝင်ခွင့်ပြုထားသော အရေးကြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ထောက်ခံမှုယန္တရားဖြစ်သည့် ကုလသမဂ္ဂရှိ အကြံပေးနေရာအတွက် တောင်ကိုရီးယား အင်န်ဂျီအို က လျှောက်ထားရာတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်း၏ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီကော်မတီ အစည်းအဝေး၌ တရုတ်ကိုယ်စားလှယ်က ယင်းအဖွဲ့အား မေလ ၂၁ ရက်တွင် မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။

တိဘက်၊ ထိုင်ဝမ် (သို့မဟုတ်) တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တောင်းဆိုထားသော အခြားနယ်မြေများနှင့် ပတ်သက်ပြီး အင်န်ဂျီအိုများအနေဖြင့် ယင်းတို့၏ အနေအထားကို လေးစားရမည်ဟူသော ကုလသမဂ္ဂ

ပြဌာန်းချက် မရှိသော်လည်း Hugh O'Brian လူငယ်ခေါင်းဆောင်မှုနှင့် အမျိုးသမီးစွန့်ဦးတီထွင်မှုနေ့အဖွဲ့ အပါအဝင် အခြား အင်န်ဂျီအို ၆ ခု၏ တစ်နေ့တည်း လျှောက်ထားမှုများကိုလည်း တရုတ်က အလားတူ ကန့်ကွက်ရွှေ့ဆိုင်းခဲ့သည်။

World Yoga Community ကဲ့သို့သော အခြားအဖွဲ့များသည် “တရုတ်၏ ပြည်နယ်၊ ထိုင်ဝမ် ဟုလည်းကောင်း၊ ထိုင်ဝမ်နာမည်ကို ဖျက်ခြင်း ဖြင့် လည်းကောင်း တရုတ်အစိုးရကို စိတ်ကျေနပ်စေရန် ယင်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်များကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ကော်မတီတွင် ဆက်လက် လျှောက်ထား ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးမူဝါဒ အမျိုးသားကော်မတီကဲ့သို့သော အခြားအဖွဲ့များသည် အဆိုပါ လျှောက်ထားမှုကို လုံးဝ လက်လွှတ်လိုက်သည်။

အဖွဲ့အစည်းများသည် သဘောရိုးဖြင့် အငြင်းပွားဖွယ်မရှိသော လုပ်ဆောင်မှုများပြုလုပ်သော်လည်း တရုတ် သည် ကုလသမဂ္ဂတွင် အင်န်ဂျီအိုများ၏ လျှောက်ထားမှုများ ရပ်ဆိုင်းရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်သည့် နိုင်ငံဖြစ်သည်။

တရုတ်က ယင်း၏ ပိုက်နက်နယ်နိမိတ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများကို ထိန်းချုပ်ရုံဖြင့် မရောင့်ရဲနိုင်ဘဲ တစ်ကမ္ဘာလုံး၌ လူ့အခွင့်အရေးများတိုးတက်စေရန်နှင့် တရုတ်၏ လူ့အခွင့်အရေးရာဇဝတ်မှုများအား အာရုံစိုက် နေသည့် အင်န်ဂျီအိုများ၏ အခန်းကဏ္ဍကြောင့် တရုတ်အစိုးရသည် နိုင်ငံတကာတွင်ပါ ယင်းအဖွဲ့များ၏ လုပ်ပိုင်နိုင် ခွင့်များကို ကျဉ်းမြောင်းလာစေရန် ကြိုးစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly