တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှု စိုးရိမ်ရသောအဆင့်တွင် ရှိနေ

တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှု စိုးရိမ်ရသောအဆင့်တွင် ရှိနေ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဖု့ကျန့် ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ်တွင် ကိုဗစ်ဗိုင်းရပ်စ်အခြေအနေသည် စိုးရိမ်အဆင့်တွင် ရှိနေ သည်ဟု ကျန်းမာရေးအရာရှိတစ်ဦးက စက်တင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့သည်။

“ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံတွေကို ပိုပြီး အရှိန်မြှင့်သင့်ပါတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ရက်အထိ တရုတ်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၂ ဘီလီယံကျော်ကို ထိုးပေးခဲ့သည်ဟု သူက ဆက်ပြောသည်။

လူဦးရေ ၁ ဒသမ ဝ၄ ဘီလီယံကျော်ကို အပြည့်အဝကာကွယ်ဆေးထိုးထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly