အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းထွက်ဆိုချက်များ " All absurd (မဟုတ်တန်းတရားများ)" ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းထွက်ဆိုချက်များ " All absurd (မဟုတ်တန်းတရားများ)" ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

အောက်တိုဘာ ၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာနှင့် ရွှေချောင်း များပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ထွက်ဆို ချက်များမှာ " All absurd (မဟုတ်တန်းတရားများ)" ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က မှတ်ချက်ပြုလိုက်သည်ဟု သူမ၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ နံနက် ၉နာရီ ခွဲအချိန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ အဖွဲ့ ဝင်များသီးသန့် တွေ့ဆုံစကားပြောစဉ် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

" ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို သီးခြားသဘောထားတွေ ဘာမှပြောစရာမလိုပါဘူးတဲ့၊ All absurd (မဟုတ်တန်း တရားတွေ)လို့ ပြောပါ တယ်။အားလုံးမဟုတ်တန်းတရားတွေပေါ့"ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ၏ရှေ့နေ အဖွဲ့ဝင် ဦးခင်မောင်ဇော်က ဆိုသည်။

ရှေ့နေဦးခင်မောင်ဇော်က အသက် ၅၂ နှစ်အရွယ် ဦးဖြိုးမင်းသိန်းကို " You know who" ဟု ညွှန်းဆိုပြောကြားသည်။

အောက်တိုဘာ ၂ ရက်နေ့က အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားသည်ဆိုသော စွပ်စွဲချက်အမှုရုံးချိန်းတွင် ဦးဖြိုးမင်း သိန်းက သူ့အနေဖြင့် စီမံကိန်းများ ခွင့်ပြုချက်ရ ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အမေရိကန် ဒေါ်လာခြောက် သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိသာကိုသုံးကြိမ်ခွဲပေးခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ်က ရဲမွန်တပ်နယ်တွင် ထိန်းသိမ်းထားသည်ဟု ယုံကြည် ရသော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း၏ အဆိုပါပြောကြားချက်ကို စစ်တပ် က ဝါဒဖြန့်ယန္တရား ရုပ်မြင်သံကြားတွင်ပြသခဲ့ဖူးသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော နောက်ထပ် အမှုတစ်ခုဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မအတွက် စစ်ဆေးရာတွင် နှစ်ဘက်ရှေ့နေများ အပြန်အလှန်လျောက်လဲ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏အမှုနဲ့ပတ်သက်၍ အပတ်စဉ်တိုင်းမစစ်ဘဲ နှစ်ပတ်တစ်ကြိမ်သာ စစ်ဆေးရန်နှင့် တစ်ပတ်လုံးတရားရုံးတွင် အချိန်ကုန်ရ သည့်အတွက် ကျန်းမာရေးထိခိုက်လာကြောင်း တရားရုံးတွင် လျောက်ထား ခဲ့သည်ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းရွှေ့ဆိုင်းစစ်ဆေးပေးရန်လျောက် ထားမှုကို နောက်တစ်ပတ်ရုံးချိန်းတွင် ဆုံးဖြတ်ချက်ချမှတ်ပေးမည်ဖြစ်သည်။

ယင်းနောက် ပို့ကုန့်သွင်းကုန်ဥပဒေပုဒ်မ (၈) အတွက် စစ်ဆေးရာတွင် ယခင် ရုံးချိန်း၌ တရားလိုဘက်မှထပ်မံတင်ပြခဲ့သည့် ဆက်သွယ်ရေးအရာရှိ တစ်ဦးကို လိုပြသက်သေအဖြစ် တင်သွင်းခွင့်ပြုကြောင်း ကြားဖြတ်အမိန့်တစ်ခု ချမှတ်ခဲ့ သည်။

ထို့နောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇) အမှုအတွက် ဆက်လက်စစ်ဆေးပြီး နှစ်ဘက်ရှေ့နေများ လျောက်လဲ ကြပြီးနောက် လာမည့်ရုံးချိန်းတွင် စွဲချက်တင် အမိန့် ချမှတ်သွားမည်ဖြစ်သည် ။

ယနေ့စစ်ဆေးခဲ့သော အမှု လေးမှုစလုံးအတွက် လာမည့် တနင်္လာနေ့သို့ ပြန် လည်ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required