ငပုတောမှာ PDF ဟုစွပ်စွဲကာ ဖမ်းဆီးငွေညှစ်

ငပုတောမှာ PDF ဟုစွပ်စွဲကာ ဖမ်းဆီးငွေညှစ်

အောက်တိုဘာ ၄

ငပုတောမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟုစွပ်စွဲကာ လိုက်လံဖမ်းဆီးပြီး စစ်ကောင်စီတပ်များက ငွေညှစ်နေကြောင်း ဒေသခံများအပြောအရသိရသည်။

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ စဉ့်ကူးကြီးကျေးရွာကို ယနေ့နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၂၀ ဝန်းကျင် ကား၊ဆိုင်ကယ်များဖြင့်ရောက်လာပြီးနောက် ရွာ၏ထွက်ပေါက်ဝင်ပေါက်များကိုပိတ်ကာ ဖမ်းဆီးမှုများလုပ်လာခဲ့သည်။

" အဖမ်းခံထားရတဲ့သူတွေကို ငါးသိန်းပေးမှ ပြန်လွှတ်ပေးမယ်လို့လည်း အကြပ်ကိုင်ပြီးငွေညှစ်နေ

ကြတယ်။ ကျွန်တော်တို့ရွာသားတွေက ဘာမှ မသိပါဘူးဗျာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ဆက်သွယ်ပြောကြားသည်။

သတင်းပေးပို့ချိန် မနက် ၉ နာရီခွဲ အချိန်အထိ အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်တွေက PDF ဟု စွပ်စွဲဖမ်းဆီးထားကြောင်းနှင့် ရွာအတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေဆက်လက်ပြုလုပ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly