မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

By Vatican News
04 October 2021
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး
Photo - AFP

အောက်တိုဘာ ၄

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမှု ရရှိစေရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာ ၃ ရက်တွင် ထပ်မံ ဆုတောင်းပေးသွားခဲ့သည်။

မကြာသေးသည့် နှစ်များအတွင်း စိတ်ဆင်းရဲမှု အခက်အခဲဒုက္ခများစွာကို ကြုံတွေ့ ဖြတ်သန်းထားခဲ့ရသည့် နိုင်ငံအတွက် ဘုရားသခင်ထံမှ “ငြိမ်းချမ်းရေး လက်ဆောင်” ချီးမြှင့်ပေးရန် ပုပ်ရဟန်းမင်းကြီးက စိန့် ပီတာ ရင်ပြင်၌ ပြုလုပ်သည့် စုဝေးဆုတောင်းပွဲ၌ ပန်ကြားဆုတောင်းပေးခဲ့သည်။

“မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာပြည်သူများ ထိခိုက်ခံစားရမှုနှင့် သေဆုံးမှုတို့ကြောင့် မျက်ရည်ကျရမှုများ ထပ်မံ မရှိတော့စေရန်၊ အခက်အခဲမှန်သမျှကို အတူတကွ လက်တွဲ ကျော်ဖြတ်နိုင်ကြစေရန်နှင့် ငြိမ်းချမ်းမှု ရလာစေရန်အတွက် အတူတကွလုပ်ဆောင်နိုင်စေရန် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သည်။

နှစ်များစွာကြာ ပဋိပက္ခနှင့် ဖိစီးနှိပ်စက်မှုတို့ကို တွေ့ကြုံထားခဲ့ရသည့် မြန်မာပြည်သူများ ငြိမ်းချမ်းမှုကို ရရှိခံစားစေနိုင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ယင်းနောက် ဆန္ဒပြသူများက လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ အာဏာသိမ်းအုပ်စုဘက်မှ သွေးထွက်သံယိုဖြစ်စေသည့် လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း ဦးဆောင်သည့် စစ်တပ်၏ လုပ်ရပ်များအတွက် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ခံထားရသလို ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ခံထားရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လူပေါင်း ၂၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly