ထား၀ယ်မြို့တွင် ဖမ်းဆီးခံ လူငယ်များက စစ်သားများခိုင်းသည့်အတိုင်း PDFများတွင် အပြစ်ရှိကြောင်း လော်စပီကာနှင့် အော်‌ပြောနေကြရ

ထား၀ယ်မြို့တွင် ဖမ်းဆီးခံ လူငယ်များက စစ်သားများခိုင်းသည့်အတိုင်း PDFများတွင် အပြစ်ရှိကြောင်း လော်စပီကာနှင့် အော်‌ပြောနေကြရ

အောက်တိုဘာ ၃

ထားဝယ်မြို့၏ လမ်းဆုံလမ်းခွ အချက်အချာကျသည့်နေရာများတွင် ယနေ့ အောက်တိုဘာလ ၃ရက် ညနေပိုင်းက ဖမ်းဆီးခံ လူငယ်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများခိုင်းသည့်အတိုင်း PDFများတွင် အပြစ်ရှိကြောင်း လော်စပီကာနှင့်အော်‌ပြောနေကြရသည်ဟု မျက်မြင် ဒေသခံများကပြောသည်။

"ကျွန်‌ေတာ် က ဘယ်သူပါ။ ဘယ်ရပ်ကွက်ကပါ။ ဘယ်နေရာမှာ ဘယ်သူ့ကိုသတ်ခဲ့ပါတယ်။ ပြီးရင် NLD အစွန်းရောက်ပါ။ ဘယ်နေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်'' စသည့် အချက်များကို လော်စပီကာနှင့် အော်ခိုင်းကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်က အဖမ်းခံလိုက်ရသည့် ထားဝယ်က PDF လူငယ်တချို့ကို ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက ယင်းသို့ ဖိအားပေး ခိုင်းစေနေခြင်းဖြစ်သည်။

PDF လူငယ်များကို စစ်ကောင်စီတပ်သားများက ကားပေါ်တွင် ချုပ်နှောင်ထားပြီး သေနတ်ဖြင့် ချိန်ရွယ်ထားသည်ဟုလည်း ဒေသခံများထံက သိရသည်။

စျေးထွက်ဝယ်သည့် အမျိုးသမီးတစ်ယောက်က ''စစ်ကားတန်းကြီးတွေ့လို့ ကြည့်လိုက်တာ၊ ကားပေါ်က စစ်သားတွေကလည်း အပြင်ကို သေနတ်အဆင်သင့်ချိန်ထားတယ်။ လမ်းတွေ အိမ်ပေါ်တွေထိ လိုက်ကြည့်နေကြတယ်။ PDF ကလေးတွေကို အတော်ရိုက်နှက်ထားပုံရတယ်၊ ဘယ်လိုမှ မခံစားနိုင်ဘူး'' ဟု ပြောသည်။

အဆိုပါ PDF လူငယ်များ ရှိ‌ေန‌ေသာ ယာဉ်တန်းတွင်ပါဝင်သည့် အရှေ့ ကားနှစ်စီးတွင် လူအင်အား ၊လက်နက်အင်အားအပြည့်ဖြင့်ပါရှိပြီး အလယ်တွင် အိမ်စီးကား နှစ်စီး၊ ‌နောက်ဆုံးတွင် စစ်ကားတစ်စီးနှင့် ထားဝယ် ကမ်းနားလမ်းတစ်လျှောက် ပတ်မောင်းနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required