ဒေးဒရဲမြို့ဝင် ဆိုင်းဘုတ်အနီး ဗုံး ၂ လုံးဆက်တိုက်ပေါက်

ဒေးဒရဲမြို့ဝင် ဆိုင်းဘုတ်အနီး ဗုံး ၂ လုံးဆက်တိုက်ပေါက်

အောက်တိုဘာ ၃

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ရှိ မြို့ဝင်ဆိုင်းဘုတ်နှင့်သမဝါယမရုံးအနီးတွင် ယနေ့ အောက်တိုဘာလ ၃ ရက် ညနေ ၄ နာရီခန့်က ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိ‌ ကြောင်းသိရပြီး စစ်ကောင်စီလက်အောက်ခံများကို သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်‌ကြောင်းဒေးဒရဲ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"စစ်ကောင်စီ လက်အောက်ခံတွေနဲ့ ဒလန်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကိုလည်း ဆက်ပြီး တိုက်ခိုက် ဖျက်ဆီးသွားဖို့လည်းရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်တွေ၊ ရဲတွေ၊ စစ်ခွေးတွေနဲ့ ဝေးရာမှာနေကြပါ။ မဆိုင်တဲ့သူတွေ အဖမ်းခံခဲ့ရလို့လည်း စိတ်မကောင်းပါဘူး" ဟု ဒေးဒရဲမြို့ပြ ပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဗုံး‌ပေါက်ကွဲမှုအပြီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် လမ်းသွားလမ်းလာဖြစ်သည့် ဆိုင်ကယ်ဘေးတွဲမောင်းသူတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေးဒရဲ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly