ပဲခူးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခံရ၊ ဧည့်စာရင်းလာတိုင်သူ ၂ ဦး ဒဏ်ရာရ

ပဲခူးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခံရ၊ ဧည့်စာရင်းလာတိုင်သူ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၃

ပဲခူးမြို့၊ ပန်းခြံကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင်အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဧည့်စာရင်းလာရောက် တိုင်ကြားသူ ပြည်သူ နှစ်ဦး ဗုံးစ ထိမှန်ခဲ့ကြောင်းသိရသည်။

“ဆိုင်ကယ်နဲ့ ဗုံးလာပစ်သွားတာ အထဲမရောက်ဘဲ အပြင်မှာကျလို့ ပြည်သူ နှစ်ဦး ခြေထောက်နည်းနည်းထိသွားတယ် ။ စိုးရိမ်ရတဲ့ အနေထားတော့ မဟုတ်ပါဘူး။ ရုံးနဲ့သက်ဆိုင်တဲ့သူတွေမထိသွားဘူး”ဟု ဗုံးပေါက်ကွဲမှုဖြစ်စဉ် ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

၄င်းဗုံးပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)မှ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏အုပ်ချုပ်မှု မရရှိစေရန် ပြုလုပ်ခဲ့ကြောင်း ပဲခူး PDF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဓိကက ကျွန်တော်တို့အနေနဲ့ စကစ အုပ်ချုပ်မှုမရှိစေရေးအတွက် အုပ်ချုပ်ရေးယန္တရားမှန်သမျှ ပြည်သူကိုခြိမ်းခြောက်နေသူမှန်သမျှကို ရှင်းလင်းမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဲခူးမြို့ ၊ အင်းဝင်ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး ဗုံးပစ်ခံရပြီး ခြေထောက်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly