ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် အိန္ဒိယက သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြု

ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် အိန္ဒိယက သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြု

အိန္္ဒိယအစိုးရ၏ သွယ်ဝိုက်အခွန်နှင့် ကုန်သွယ်ခွန်များဗဟိုအဖွဲ့ (CBIC) က ကိုဗစ်-၁၉ ကာကွယ်ဆေး တင်သွင်းမှုများအပေါ် အခြေခံကုန်သွယ်ခွန် ကောက်ယူမှုများကို အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုလိုက်သည်။

“ပြည်သူတို့၏ အကျိုးစီးပွားအတွက် အမှန်တကယ်လိုအပ်မည်ဖြစ်သောကြောင့် ဗဟိုအစိုးရက အိန္ဒိယနိုင်ငံအတွင်းသို့ ဖော်ပြပါ ကုန်ပစ္စည်းများအား တင်သွင်းမှုအပေါ် ပေးဆောင်ရမည့် ကုန်သွယ်ခွန်များအား ကင်းလွတ်ခွင့်ပြုလိုက်သည်” ဟု CBIC ဟု စက်တင်ဘာ ၂၉ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟု CBIC က အမည်ထည့်သွင်းပြောကြားခဲ့ရာတွင် နိုင်ငံတွင်းသို့ တင်သွင်းမည့် ကာကွယ်ဆေးအားလုံး ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

အိန္ဒိယတွင် ကာကွယ်ဆေးများအတွက် အခွန်၁၀ ရာခိုင်နှုန်း ကောက်ခံပြီး ကိုဗစ်ကာကွယ်ဆေးများကို အခွန်ကင်းလွတ်ခွင့် ၃ လပေးကြောင်း ဧပြီလအတွင်းက အစိုးရက ကြေညာခဲ့သည်။ ထို့ပြင် ဆေးဖက်သုံး အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းရာတွင်လည်း အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန် ၅ ရာခိုင်နှုန်းကို ဆက်လက်ယူထားသော်လည်း အချို့ ကိုဗစ်ရောဂါ ကုသဆေးများအား အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး အခြားဆက်စပ်ပစ္စည်းများကိုလည်း အခွန်လျှော့ချပေးခဲ့သည်။ ယင်းသို့ လျှော့ပေါ့မှုများကို ယခုနှစ်ကုန်အထိ ခွင့်ပြုသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly