ထန်တလန်မြို့တွင် ပစ်သတ်ခံရသည့် သင်းအုပ်ဆရာ၏ ကျန်ရစ်သူမိသားစု လွတ်မြောက်နယ်မြေရောက်ရှိ

By ပါခွီး
03 October 2021
ထန်တလန်မြို့တွင် ပစ်သတ်ခံရသည့် သင်းအုပ်ဆရာ၏ ကျန်ရစ်သူမိသားစု လွတ်မြောက်နယ်မြေရောက်ရှိ

အောက်တိုဘာ ၃

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သော သိက္ခာတော်ရ သင်းအုပ် ဆရာ ကျွန်ဗြတ်ဟူး (Cung Biak Hum) ၏ ဇနီးသည်နှင့် ကလေးနှစ်ယောက်တို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် စငေါင် (Sangau) ရွာသို့ ရောက်ရှိပြီဖြစ်ကြောင်း မိသားစုက ပြောသည်။

သင်းအုပ်ဆရာ၏ ဇနီး ဆွီးထာပါးလ် (Sui Tha Par) မှာ ကိုယ်ဝန်ဆောင် ထားသူဖြစ်ပြီး လာမည့်နိုဝင်ဘာလအကုန်ပိုင်း၌ ကလေးမီးဖွားမည်ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၁၈နေ့ရက်က လူနေအိမ်များ မီးလောင်၍ မီးသွားငြိမ်းသတ်သည့် ဆရာ ကျွန်ဗြတ်ဟူး (Cung Biak Hum)အား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင်ညCOVID-19 ရောဂါ ကာကွယ်ရေး စည်းကမ်းများအရ နေအိမ်တွင် သီးခြားခွဲနေထိုင်လျက်ရှိကြပြီး COVID-19 ရောဂါရှိမရှိ စစ်ဆေးမှုတွင်လည်း ရောဂါမတွေ့ရှိကြောင်း ကျန်ရစ်သူမိသားစုက ထံက သိရသည်။

မီဇိုရမ် နှစ်ခြင်းအသင်းတော် Baptsit Church of Mizoram (BCM) စငေါင် (Sangau) နယ်မြေအသင်းတော်မှ ဘုရားလူကြီးများသည် သင်းအုပ်ဆရာ၏ ကျန်ရစ်သူမိသားစု ထံသို့ အောက်တိုဘာ ၂ရက်က ရူပီးငွေ ၁၀,၀၀၀ ကူညီထောက်ပံ့ပေးခဲ့သည်။

ထန်တလန်မြို့တွင် လူဦးရေ တစ်သောင်းခန့် နေထိုင်ခဲ့ကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူနေအိမ် ၁၉လုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် လက်ရှိတွင် မြို့နေပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြ ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly