မူတြော်ခရိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၂၄‌ဦးသေ

မူတြော်ခရိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၂၄‌ဦးသေ

အောက်တိုဘာ ၃

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေဖြစ်သည့် မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ နှစ်ဦးအပါအဝင် ၂၄ ဦးသေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၃၀ရက် တစ်ရက်အတွင်း ရင်ဆိုင်တိုက်ပွဲ‌ ခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၄ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၃ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မဟာ (၅) မူတြော်ခရိုင်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ တပ်ရင်း (၁၀၂)၊ တပ်ခွဲ (၂)မှ တပ်သားများနှင့် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက်ရှိ ခြေမြန်တပ်ရင်း (၄၀၈) စစ်ကောင်စီတပ်သားများသည် စစ်တင်ဘာလ ၃၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ်(၅) တပ်မဟာဘက်မှ ၎င်းတို့၏ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော်ကာ စစ်အင်အားဖြည့်တင်းနေသည့်အတွက် စစ်ကောင်စီတပ်များ နယ်မြေစိုးမိုးမှုမရရှိစေရန် နယ်မြေ ခုခံထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရင်ဆိုင်တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားရာ မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာစစ်သည်များဘက်မှ တစ်ဦးတစ်ယောက်မျှ သေကျေ ကျဆုံးမှုမရှိကြောင်းလည်း ခရိုင်၊ တပ်မဟာ၏ နေ့စဉ်မှတ်တမ်း စာရင်းအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly