အောင်လံမြို့ လဝကရုံးတွင် ဗုံးပေါက်

အောင်လံမြို့ လဝကရုံးတွင် ဗုံးပေါက်

အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ရုံးတွင် ယနေ့အောက်တိုဘာလ ၃ ရက် နံနက် ၅နာရီ ၄၅မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ထိုဗုံးပေါက်ကွဲမှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ လဝကရုံးအား ဗုံးခွဲတိုက်ခိုက်မှုကို အောင်လံမြို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အသိပေး ထုတ်ပြန်ထားသည်။

“စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်လို့ သူတို့ပတ်သက်အုပ်စိုးတဲ့နေရာ မှန်သမျှ တိုက်ခိုက်သွားမှာပါပဲ” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောထားသည်။

ယင်းအပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly