အိန္ဒိယအတွက် နိုင်ငံအဆင့်သတ်မှတ်ချက် ကောင်းမွန်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနအရာရှိများ ကြိုးပမ်း

By economictimes.indiatimes.com
03 October 2021
အိန္ဒိယအတွက် နိုင်ငံအဆင့်သတ်မှတ်ချက် ကောင်းမွန်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနအရာရှိများ ကြိုးပမ်း

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနအရာရှိများနှင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် နိုင်ငံ အဆင့်သတ်မှတ်ချက်အေဂျင်စီ Moody's Investors Service မှ ကိုယ်စားလှယ်များ သည် စက်တင်ဘာ ၂၈ရက်တွင် စီးပွားရေးတိုးတက်မှုအလားအလာများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအတွင်း အိန္ဒိယက နိုင်ငံအဆင့် သတ်မှတ်ချက်တွင် အဆင့်တိုးတက်ရေးဆောင်ရွက်ခဲ့သည်။

အစည်းအဝေးများသို့ စီးပွားရေးအကြံပေးချုပ် ကေဗီ ဆပ်ဘ်ရာမနီရန်နှင့် စီးပွားရေးကိစ္စရပ်များဆိုင်ရာဦးစီးဌာန မှ အခြားအရာရှိများနှင့် Moody မှ လေ့လာဆန်းစစ်သူများ တက်ရောက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါ အစည်းအဝေးသည် Moody ၏ နှစ်စဉ် နိုင်ငံအဆင့်သတ်မှတ်ချက်လုပ်ဆောင်မှု၏ ရှေ့ပြေးဖြစ်သည်။

Moody's Investors Service သည် ၂၀၂၀ပြည့်နှစ်က အိန္ဒိယ၏ နိုင်ငံအဆင့်သတ်မှတ်ချက်ကို Baa3 မှ Baa2 သို့ အဆင့်လျှော့ချခဲ့ပြီး ရေရှည်ဖွံ့ဖြိုးမှုနိမ့်ကျပြီး ယိုယွင်းနေသော ဘဏ္ဍရေးအခြေအနေများ၏ အန္တရာယ်အား လျော့နည်း သက်သာသွားစေမည့် မူဝါဒများကိုအကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ရက် အစည်းအဝေးအတွင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနအရာရှိများသည် ၂၀၂၁ ခုနှစ် ဇွန်လက စတင်သည့် ၃ လပတ်အတွင်း ဂျီဒီပီတိုးတက်မှုနှုန်းအတက်ဘက်သို့ ပြနေခြင်း၊ ဘဏ္ဍာလိုငွေပြမှုနှင့် ချေးငွေကိန်း ဂဏန်းများကို ထောက်ပြပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာလိုငွေပြမှုသည် တစ်နှစ်တာ ဘတ်ဂျက်ခန့်မှန်းခြေ (BE) ၏ ၂၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအားဖြင့် အသုံးစရိတ်များကို လျှော့ချခြင်း၊ အခွန်နှင့် အခွန်မဟုတ်သည့် ငွေများမြင့် တက်လာခြင်းကြောင့်ဖြစ်သည်။ ၂၀၂၀ပြည့်နှစ် အလားတူကာလတွင် လိုငွေပြမှုသည် နှစ်စဉ်လျာထားချက်၏ ၁၀၃ ရာခိုင်နှုန်းရှိသည်။

ဘတ်ဂျက်ခန့်မှန်းချက်များနှင့်အညီ အောက်တိုဘာလမှ မတ်လအတွင်း ရူပီး ကုဋေ ၅ ဒသမ ဝ၃ သိန်းချေးမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ အစိုးရက ၂၀၂၁-၂၂ ဘတ်ဂျက်တွင် လက်ရှိဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းချေးငွေရည်မှန်းချက် ရူပီး ကုဋေ ၁၂ ဒသမ၅ သိန်း သတ်မှတ်ထားသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်က အိန္ဒိယစီးပွားရေးသည် ၇ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly