လျှပ်စစ်ဓာတ်အား လိုအပ်ချက်အခြေအနေဆိုးရွားလာသောကြောင့် တရုတ်စီးပွားရေး တိုးတက်မှု လျော့ကျနိုင်

လျှပ်စစ်ဓာတ်အား လိုအပ်ချက်အခြေအနေဆိုးရွားလာသောကြောင့် တရုတ်စီးပွားရေး တိုးတက်မှု လျော့ကျနိုင်

တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုဆိုးရွားလာကာ လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှု လျှော့ချလာရခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု လျော့ကျသွားနိုင်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးထားသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ယခုနှစ်၏ နောက်ဆုံး ၄ လ သို့မဟုတ် ၃ လအတွင်း နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၀ ဒသမ ၁ မှ ၀ ဒသမ ၁၅ အထိ ကျဆင်းသွားနိုင်ကြောင်း China International Capital Corp. က ခန့်မှန်းထားသည်။

Nomura Holdings Ltd. ကလည်း ၎င်း၏ တစ်နှစ်တာ GDP လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းခဲ့သလို Morgan Stanley ကလည်း နောက်ဆုံး ၃ လ၏ ထုတ်လုပ်မှု လျော့ကျသွားနိုင်ကြောင်း သတိပေးထားသည်။

ကျန်စူး၊ ရှီကျန်းနှင့် ဂွမ်ဒေါင်းပြည်နယ်များကဲ့သို့ စီးပွားရေးအတွက် အဓိကကျသည့် နယ်မြေများတွင် လျှပ်စစ်ဓာတ်အားအသုံးပြုမှု ဆိုးရွားစွာ လျှော့ချခံရခြင်းသည် ဝယ်ယူရေးမန်နေဂျာများဆိုင်ရာ အညွှန်းကိန်း ၅၀ အောက်သို့ ရောက်ရှိသွားနိုင်ကြောင်း Nomura ၏ စက်တင်ဘာ ၂၇ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Morgan Stanley မှ စီးပွားရေးပညာရှင်များက ယခုနှစ်ကုန်အထိ ထုတ်လုပ်မှု လျှော့ချရမည်ဆိုပါက နောက်ဆုံး ၃ လတွင် GDP တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းကျဆင်းသွားမည်ဟု ခန့်မှန်းထားည်။

သီးခြားအစီရင်ခံစာတစ်ခုတွင် CICC က ကုန်ပစ္စည်းအမှာများ မြင့်တက်လာခြင်းကြောင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှသည် လက်ရှိ ၁၈ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၅ ဒသမ ၇ ရာခိုင်နှုန်းသို့ မြင့်တက်သွားနိုင်ကြောင်း ဖော်ပြထားသည်။ မှာယူထားသည့် ကုန်ပစ္စည်း ၃၀ မှ ၄၀ ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု

ဖြစ်ပွားခဲ့သည့် ပို့ကုန်တင်ပို့သော အခြားနိုင်ငံများမှဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly