နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ အောက်တိုဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ အောက်တိုဘာ ၂၀၂၁)
(Photo: : CJ-အောက်တိုဘာလ ၂ ရက်၊ မန္တလေးမြို့ သမဝါယမ ကျောင်းသားကျောင်းသူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

အောက်တိုဘာလ ၂ ရက်

စစ်ကောင်စီ

·         ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား (၂၀၂၁)ခုနှစ် အောက်တို ဘာ (၃၁) ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အောက်တိုဘာ(၁)ရက် တွင် အသိပေးကြေညာထားသည်။

·         အသက်(၁၂) နှစ်မှ (၁၈) နှစ်အကြားရှိ အခြေခံပညာကျောင်းသားများကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ နေပြည်တော်တွင် ကနဦး စီမံချက်အဖြစ် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။

·         ပြည်သူများလိုလားသော ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့် ဖျက်သိမ်း ၍မရကြောင်း၊ ခေတ်ကာလနှင့် ညီညွတ်မှုမရှိသော အကြောင်းအရာများကို ပြင်ဆင်ရန် အတွက် မိမိတို့အနေဖြင့် လက်ခံကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

·         ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှုရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံသည့်ဆန်များအား ပြည်ပသို့တင်ပို့နိုင် သည့် အထိ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် လိုကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

·         မသမာသောနည်းလမ်းများ အသုံးပြု၍ ရွေးကောက်ပွဲတွင်အနိုင်ရလာသူများသည် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် မဟုတ်ကြောင်း တိုင်းပြည်အာဏာကို မတရားလုယူထားသည့် စစ်ခေါင်းမင်းအောင်လှိုင်က အကြမ်းဖက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·         အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက စီစဉ်သော ကမ္ဘာ့ဆရာများနေ့အကြို အထိမ်းအမှတ် ပြည်သူ့စကားဝိုင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃) ရက် တနင်္ဂနွေနေ့ နေ့လည် (၁) နာရီတွင် ကျင်းပပြု လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

·         (၁.၁၀.၂၀၂၁)တွင်ကရင်ပြည်၊မကွေးနှင့်စစ်ကိုင်းတိုင်းများအတွင်း တရားသောခုခံတော်လှန်စစ်(၃) ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသော တပ်သား(၆)ဦးနှင့်ရဲ(၈) ဦးရှိကြောင်း NUG မှ ထုတ်ပြန်သည်။

·         အမျိုးသားညီညွတ်ရေးအစိုးရမှ  ချက်သမ္မတနိုင်ငံတွင်  မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·         မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မည်သူ့ကိုမှ မကြောက်၍ ကိုယ်တိုင်အုပ်ချုပ်ရေးမှူး လုပ်မည်ဟု ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် ကြွေးကြော်ခဲ့သူ အုပ်ချုပ်ရေးမှူးအသစ် ဦးဆန်းလင်းသည် ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

·         မကွေးတိုင်း၊ ဆော-ကျောက်ထုလမ်းတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ယော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

·         မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဘယ်သူ့မှ မကြောက်လို့ ကိုယ်တိုင် အုပ်ချုပ်ရေးမှူးလုပ်မယ်ဟု အသံချဲ့စက်ဖြင့် အရပ်ထဲလိုက်ပြီးကြေညာခဲ့သူတစ်ယောက် ယမန်နေ့က ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

·         လူအင်အားနှင့် လက်နက်အင်အားရှိလာပြီဖြစ်သည့်အတွက် စခန်းသိမ်းတိုက်ပွဲများ စတင်တော့မည် ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က စစ်အာဏာသိမ်းပြီး ၈ လအကြာမှာ ကြေညာ လိုက်သည်။

·         စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ တွင် ဝင်ရောက်စီးနင်းပြီး ၅ နှစ်ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးကို အကြောင်းမဲ့ လယ်တောထဲတွင် ပစ်သတ်သွားကြောင်း သိရှိရသည်။

·         ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ကျေးရွာတရွာတွင် ယနေ့ အောက်တိုဘာလ ၂ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး " သွေးမအေးတဲ့ ရွှေနွယ်သွေး " သပိတ်စစ်ကြောင်း အာရုဏ်ဦး သပိတ်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့လယ်မီးပွိုင့်တွင် “စစ်တပ်နှင့်ပက်သက်သည့် ဒေါက်တိုင်များဖြိုဖျက် ကြ”စာတန်းကို မုံရွာမြို့မှ တော်လှန်ရေး လူငယ်များက ယနေ့ ပျောက်ကြားသပိတ်အဖြစ် ချိတ်ဆွဲ ကြသည်။

·         ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်  အောက်တိုဘာလ ၁ရက်နေ့က နွေဦးတော်လှန်ရေး ၈လအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုအလေးပြုကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်သူများ သံပုံးတီး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·         အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာ ရှိ တော်လှန်ပြည်သူများ ချီတက် ကြပြီး တိုင်းရင်းသားတပ် EAOs များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲတိုင်း အောင်ပါစေဟု ကြွေးကြော် ဆန္ဒပြကြသည်။

·         စစ်ကောင်စီတပ်များနှင့် ထီးချိုင့် PDF များ အပြန်အလှန်ပစ်ခတ်မှုအပြီး ထီးချိုင့်-မြစ်ကြီးနားသွား လမ်းမကြီးပေါ်ရှိ တည်တောရွာ အနီးတွင် ဆိုင် ကယ်စီး ခရီးသွားနှစ်ဦးကို စစ်ကောင်စီတပ်များ ပစ်သတ်သွားသည် ဟု ထီးချိုင့် PDF တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။

·         မန္တလေး မဟာအောင်မြေမြို့နယ် ရွှေဘိုကျောင်းအနီးတွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် မန္တလေး သံဃသမဂ္ဂစစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သံဃာတစ်ပါးကျည်ထိမှန်ကာ ဆရာတော် ၅ပါးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

·         မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာအနီးရှိ Mytel တာဝါတိုင်က ဆားဗစ်ဝါယာကြိုးများကို မင်းညီနောင်‌ပျောက်ကြားတပ်မှ အောက်တိုဘာ ၁ရက်နေ့တွင် ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း မင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

·         ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရန်ကုန်- ပုသိမ်လမ်းမပေါ်က ဘုရားလမ်းမီးပွိုင့်တွင် အောက်တိုဘာလ ၁ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက် ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၄ဦးထပ်မနည်းထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်မှုဆောင်ရွက်ခဲ့တဲ့ လှိုင်သာယာမြို့ပြပျောက်ကျား အဖွဲ့ CGF(HTY)က ယနေ့ ထုတ်ပြန်သည်။

·         မရမ်းကုန်းမြို့နယ်ရှိ ဘိလိယက်ခုံတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကရောက်လာပြီး အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

·         ရန်ကုန်တိုင်း ဒေါပုံ၊ သင်္ဘောကျင်းမှတ်တိုင် အနီး ရန်အောင်ကန်ဒေါင့် မင်းနန္ဒာ လမ်းမ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအနီးတွင် အောက်တိုဘာ ၁ရက် ည ၈နာရီ ၄၀ အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

·         ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသူကျောင်းသားများ ဦးဆောင်ကာ "ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတယ်" အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။

·         တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဖမ်းဆီးခံခဲ့ရသော ကိုရာဇာထွန်းသည် ဖမ်းဆီးခံရပြီး လေးရက်ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

·         လောင်းလုံးမြို့နယ် အောက်ကျေးလက်ဒေသတွင် တစ်ခုတွင် ယနေ့ အောင်တိုဘာလ ၂ရက်နေ့က "တော်လှန်နှင်းဆီ ရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည်" အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးများ ဦးဆောင်သော လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·         တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလည်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်၊ 'လွင်မိုး' ဆောက်လုပ် ရေးလုပ်ငန်းခွင်အနီး ကားလမ်းမပေါ်၌ အောက်တိုဘာလ ၁ ရက် ညနေ ၄ နာရီခန့်တွင် ထားဝယ်ရေနက် ဆိပ်ကမ်း ရဲစခန်းမှူး လိုက်ပါလာသည့် ကား မိုင်းခွဲခန့်ရပြီး အဆိုပါကားသည် လမ်းဘေးသို့ ထိုးကျသွားကာ ဒဏ်ရာရသူများ ကြောင်း ဒေသခံများမှ ပြောသည်။

·         မွန်ပြည်နယ် သံဖြူဇရပ်မြိုကနယ် စခန်းကြီးကျေးရွာ မော်လမြိုင်-ရေး အဝေးပြေးကားလမ်းကြီး ဘေးရှိ Mytel တာဝါတိုင် ကို ရေးနှင့်သံဖြူဇရပ်ပြ့ည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး အောက်တို့ဘာလ ၁ ရက်နေ့ ညနေ ၆နာရီကျော်အချိန်က မီးရှို့ မိုင်းခွဲခဲ့ကြောင်း သိရသည်။

·         အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မိုင်းနင်းမိ၍ ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၈ နာရီခွဲတွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာသို့ ပြန်လာသော စစ်ရှောင်အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်သွား ကြောင်း သတင်းရရှိသည်။

·         အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးနှိပ်စက်မှုကြောင့် ဒါဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးကုသခံနေရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုရန်ပိုင်ကို အောက်တို ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ ၌ ကွေ့ကြီးသုဿာန်တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။

·         မူဆယ်မြို့၊ နမ့်ခမ်းစက်မှုရပ်ကွက်ရှိ နေအိမ်မှ လူငယ် ၆ဦးကို ယမန်နေ့ ည ၈နာရီ အချိန်တွင် စစ်ကောင်စီရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့က သေနတ်များ ပစ်ဖောက်ကာ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

·         ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်ကေကောင်စီက မွှေနှောက်ရှာဖွေပြီး အမျိုးသမီးတစ်ဦးကို PDF များကို ထောက်ပံ့သည်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

·         မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့် တပ်မတော်တို့အကြား စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိနေကြောင်း သိရသည်။

·         ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်နှင့် မိုးမောက်မြို့နယ်ထဲတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ပြောသည်။

·         စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ အင်းတော်မြို့ဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ခြေလျင် ထွက်ခွာ လာ ကြသည့် စစ်ကောင်စီ စစ်ကြောင်းအား KIA နှင့် ကသာPDF တို့ ပူးပေါင်းအဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကသာ PDF ထံကသိရ သည်။

 အောက်တိုဘာ ၂ သုံးသပ်ချက်

·          စစ်ကောင်စီမှ အာဏာသိမ်းသည့်အကြောင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဘက်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လိုက်လံပြောပြ စည်းရုံးနေသည်။ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတည်မှုမရှိ ချိန်တွင် ပြည်ပခရီးသွားလုပ်ငန်းမှ နိုင်ငံခြားခရီးသွားများကို မျှော်လင့်နေသည့် စီမံခန့်ခွဲမှုကလည်း စစ်အုပ်စု၏ အရည်အချင်းကို ဖော်ပြနေသည်။

·         စစ်ကိုင်း၊ကယား၊ချင်း၊နှင့်ကရင်ပြည်နယ်၊ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် တိုက်ပွဲများပြင်ထန်စွာ ဖြစ်ပွားနေသည်။ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်းများ၏ ပူးတွဲ စစ်ဆင်ရေးများကလည်း အချိတ်ဆက် ပိုမိလာသည်။စစ်ကိုင်းဘက်တွင် PDF များအားကောင်းသထက်အားကောင်းလာပြီး စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများထိ ဆင်နွဲမည်ဟု ကြွေးကြော်လာသည့် အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်လာမည်ဟု ခန့်မှန်းရသည်။

·         အမျိုးသားညီညွှတ်ရေးအစိုးရမှလည်း နိုင်ငံတကာ၌ သံတမန်ရေးရာတွင် အသာစီးရရန်အတွက် ကြိုးပမ်းနေပြီး သံတမန်ကိုယ်စားလှယ်ရုံးများ နိုင်ငံအများအပြားဖွင့်နိုင်ရန် အားထုတ် လာသည်။ ယင်းအပြင် အုပ်ချုပ်ရေးပိုင်းပါ အသက်ဝင်လာရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ရသည်။

·         ယနေ့စိတ်မကောင်းစရာသတင်းကတော့မန္တလေးတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် သံဃာသမဂ္ဂ စစ်ကြောင်းကို ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးသည့်အတွက် ဒဏ်ရာရသည့် သံဃာများ ရှိနေသည်။စစ်ကောင်စီ၏ မတရားသတ်ဖြတ်ဖမ်းဆီးမှုများကြောင့် ဆန္ဒပြမှုများ နည်းပါးလာသည်။ သို့သော် လက်နက်ကိုင် မြို့ပြတော်လှန်ရေးလုပ်ငန်းနှင့် စစ်ကောင်စီ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန် ဖွတ်စိမ်းရှင်းလင်းရေး ပိုအားကောင်းလာသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required