ဂရိရှိ ဆီးရီးယားဒုက္ခသည်များကို စာနာကြောင်း အမေရိကန် ရုပ်ရှင်မင်းသမီး Susan Sarandon ပြော

ဂရိရှိ ဆီးရီးယားဒုက္ခသည်များကို စာနာကြောင်း အမေရိကန် ရုပ်ရှင်မင်းသမီး Susan Sarandon ပြော

ဂရိနိုင်ငံသို့ ရောက်ရှိနေကြသော ဆီးရီးယား ဒုက္ခသည်များအား စာနာကြောင်း ပြသကြသည့် သူများ ကမ္ဘာအဝှမ်းတွင် ရှိနေသော်လည်း အမေရိကန် ရုပ်ရှင်မင်းသမီး Susan Sarandon (ဆူဇန် ဆာရန်ဒန်)၏ စာနာမှှုက အများတကာထက် ခြေတစ်လှမ်း သာလွန်နေသည်။

ဂရိနိုင်ငံသို့ ရောက်ရှိလာကြသော ဒုက္ခသည်များကို စာနာကြောင်းနှင့် ကြိုဆိုကြောင်း ပြသ သည့်အနေဖြင့် အော်စကာဆုရှင် ရုပ်ရှင်ကြယ်ပွင့် Susan Saradon သည် ဂရိနိုင်ငံသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။

“ဒီဒုက္ခသည်တွေဟာ ဘယ်သူတွေလဲ၊ ဘယ်ကလာကြတာလဲ၊ ဘာကြောင့် ဒီကိုရောက်လာ ကြတာလဲ။ သူတို့ ဘယ်ကို သွားကြမှာလဲ စတဲ့ သူတို့ရဲ့ ဖြစ်စဉ်တွေကို နားထောင်ဖို့ နဲ့ လေ့လာဖို့ ကျွန်မ ဒီကို လာခဲ့တာပါ” ဟု သူက Huffington Post တွင် ရေးသားခဲ့သည်။

Sarandon သည် သူနှင့် ဒုက္ခသည်ကလေးငယ် တစ်ဦး၏ ဓာတ်ပုံကို တွစ်တာတွင် သောကြာ နေ့က တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly