ရန်ကုန်တောင်ပိုင်းခရိုင်အခြေပြု မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

ရန်ကုန်တောင်ပိုင်းခရိုင်အခြေပြု မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အောက်တိုဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့များတွင် အခြေပြုလှုပ်ရှားနေကြသော မြို့ပြပြောက်ကျားတပ်ဖွဲ့ လေးဖွဲ့ပေါင်းပြီး မဟာမိတ်တပ်ပေါင်းစု(YSDAF) အဖြစ်ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းက PDF – Kayan က ထုတ်ပြန်သည်။

PDF (Khayan) ၊ Thongwa Youth Force(TYF) ၊ Kyauktan People Defence Force(KPDF) ၊သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(TLPDF) အဖွဲ့များ ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

‘ထွေထွေထူးထူးတော့ မရှိပါဘူး အားလုံး စုစုစည်းစည်းနဲ့ ပြောက်ကျားစစ်ကို ဆင်နွှဲသွားမယ်လို့ ’ PDF – Khayan မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် မဟာမိတ်တပ်ပေါင်းစု(YSDAF) သည် မဟာမိတ် တပ်ဖွဲ့များ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ၊ တောင်ပိုင်း ခရိုင်မြို့နယ် များတွင် ပူးပေါင်းမြို့ပြပြောက်ကျားစစ်ဆင်ရေးများ ၊အခြားသော မြို့ပြပြောက် ကျားတပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ချိတ်ဆက်ဆောင်ရွက်မှုများ အစရှိသည့် လုပ်ငန်းစဉ်များဖြင့် ပြည့်သူ့ဖက်မှရပ်တည်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၊ ၎င်းတို့၏လက်ပါးစေ ဒလန်များကို ပြတ်သားစွာ တိုက်ခိုက် သွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တော်လှန် တိုက်ခိုက် သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly