စစ်ကောင်စီတပ်ကို KIA နှင့် PDF တို့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ် အယောက် ၃၀ထက်မနည်း သေဆုံး

စစ်ကောင်စီတပ်ကို KIA နှင့် PDF တို့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ် အယောက် ၃၀ထက်မနည်း သေဆုံး

ထွန်းထွန်းဝင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ အင်းတော်မြို့ဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ခြေလျင် ထွက်ခွာလာကြသည့် စစ်ကောင်စီ စစ်ကြောင်းအား KIA နှင့် ကသာPDF တို့ ပူးပေါင်းအဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကသာ PDF ထံကသိရ သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁ ရက် မွန်းလွဲပိုင်းတွင် ပင်းမလွတ်ကျေးရွာအကျော်၌ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

" ဟုတ်ပါတယ်။ မိုင်း ရှစ်လုံးခွဲတာ အားလုံးအောင်ပါတယ်။ ပဒေသာဆွဲမိုင်း တွေနဲ့ လေးဆိုင်း ဆွဲတာပါ ။ မိုင်းဆွဲပြီး ချက်ခြင်းဆုတ်လာတာပါ " ဟု က သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးကြောင်းကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required