တရုတ်၏ ခြိမ်းခြောက်မှုကို သြစတြေးလျ သတိပြုမိလာ

By Taipei Times
01 October 2021
တရုတ်၏ ခြိမ်းခြောက်မှုကို သြစတြေးလျ သတိပြုမိလာ

ထိုင်ဝမ်သည် သြစတြေးလျနှင့် တရားဝင်ကာကွယ်ရေးဆိုင်ရာဆက်သွယ်မှုမရှိသော်လည်း တရုတ်စစ်တပ်က တောင်ပစိဖိတ်တွင် အာဏာနှင့် တည်ရှိမှုကို တိုးချဲ့လာပြီး အင်ဒို-ပစိဖိတ်ဒေသကို ခြိမ်းခြောက်နေသဖြင့် နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် ဒေသဆိုင်ရာလုံခြုံ ရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် မကြာမီ လိုအပ်လာလိမ့်မည်ဖြစ်သည်။

သြစတြေးလျ အငြိမ်းစား ဗိုလ်ချုပ်နှင့် လွှတ်တော်အမတ် ဂျင်မိုလမ်က သြစတြေးလျ သတင်းစာတွင် စက်တင်ဘာ ၁၁ရက်က " မနက်ဖြန်စစ်ကစားပွဲ- မီးကုန်ယမ်းကုန်ကျူးကျော်မှုဖြင့် အဆုံးသတ်နိုင်ဖွယ်ရှိသည်” ဟု အမည်ရသည့် ဆောင်းပါးကို ရေးသားခဲ့ပြီး ယင်းတွင် အာဖဂန်နစ္စတန်ခေတ်အလွန်ခေတ် သြစတြေးလျအတွက် အလားအလာမြင်ကွင်းကို ဖော်ပြထားသည်။

တရုတ်မှာ မဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခုရှိပြီး ပထမဦးစွာ ဒေသတွင်း လွှမ်းမိုးပြီးနောက် ကမ္ဘာကို လွှမ်းမိုးရန်ဖြစ်သည်ဟု မိုလမ်က ရေးသားထားသည်။

“ အမေရိကန်က ပစ်မှတ်ဖြစ်နေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ရည်ရွယ်ချက်သည် အမေရိကန်အာဏာကို လျှော့ချရန်ဖြစ်ပြီး ထိုင်ဝမ်ကို အသုံးချမည်ဟု သိမြင့်ထားသင့်သည်”။

"အမေရိကန်ရေတပ်တပ်ဖွဲ့များကို အကြီးအကျယ်ထိခိုက်နိုင်သည့် နေရာတစ်ခုသို့ ဝင်ရောက်လာစေရန် တရုတ်က ထိုင်ဝမ်ကို အသုံးချနိုင်သည်။ တရုတ်၏ ရည်မှန်းချက်မှာ အမေရိကန်ကို အကြီးအကျယ် အထိနာ စေပြီး အနောက် ပစိဖိတ်ဒေသမှ တပ်ဆုတ်သွားစေရန်ဖြစ်သည်” ဟု သူက ရေးသားခဲ့သည်။

တစ်နည်းအားဖြင့် တရုတ်၏ မဟာဗျူဟာသည် အမေရိကန်စစ်တပ်ကို အနောက်ဘက်ပစိဖိတ်ဒေသမှ ဆုတ်ခွာစေရန် ထိုင်ဝမ်ရေလက်ကြားပဋိပက္ခကိုအသုံးချရန်ဖြစ်သည်ဟု မိုလမ်က ရေးသားထားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သြစတြေးလျအစိုးရသည် ဒေသဆိုင်ရာလုံခြုံရေးပြဿနာများအတွက် အာဆီယံနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားကိစ္စရပ်များတွင် အရေးပါသည့်နေရာမှ ပါဝင်ရေးနိုင်မည့် အခန်းကဏ္ဍကို မြှင့်တင်ခဲ့သည်။

တရုတ်၏ စစ်အင်အားတိုးတက်မှုနှင့် တောင်တရုတ်ပင်လယ်အချုပ်အခြာအာဏာအငြင်းပွားမှုတို့တွင် သြစတြေးလျအနေဖြင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသောကြောင့် အမေရိကန်နှင့် ရေရှည် မဟာမိတ်ဖွဲ့ရေးကို ကြိုးပမ်းခဲ့သည်။

အာရှ - ပစိဖိတ်ဒေသ လုံခြုံရေးသည်အရေးကြီးသောအချက်ဖြစ်ခြင်းကြောင့် အမေရိကန်နှင့် တရုတ်တို့သည် မဟာဗျူဟာမြောက်ထိပ်တိုက်ရင်ဆိုင်တွေ့နိုင်ကြောင်း ၂၀၁၆ခုနှစ် သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး အမေရိကန်သည် သြစတြေးလျ၏ အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက် အဖြစ်ရှိနေသင့်ကြောင်းလည်း ထပ်လောင်းရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly