စာသင်ကျောင်းများတွင် ‘ရှီကျင့်ဖျင်၏ အတွေးအခေါ်’ ပျံ့နှံ့စေရေး တရုတ်ကွန်မြူနစ်ပါတီ ကြိုးပမ်း

စာသင်ကျောင်းများတွင် ‘ရှီကျင့်ဖျင်၏ အတွေးအခေါ်’ ပျံ့နှံ့စေရေး တရုတ်ကွန်မြူနစ်ပါတီ ကြိုးပမ်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေရုံးသည် ‘သမ္မတ ရှီကျင့်ဖျင်၏ သဘောထား အတွေးအခေါ်’ ကနေတဆင့် နိုင်ငံတွင် မာတ်စ်ဝါဒ စာသင်ကျောင်းများ ထူထောင်မှုကို အား‌ကောင်းလာစေရန်အတွက် မာတ်စ်ဝါဒ၏ ခေတ်သစ် စာသင်ကျောင်းများ ထူထောင်တည်ဆောက်မှုကို အား‌ကောင်းစေရေးဆိုင်ရာ အတွေးအမြင် သဘောထားတစ်ရပ်ကို စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းသည် မာတ်စ်ဝါဒနှင့် သက်ဆိုင်သည့် သီအိုရီများ ဖွဲ့စည်းတည်ဆောက်မှုနှင့် သုတေသနပြုမှုကို နက်ရှိုင်းစေမည့် အရေးပါသော ပဏာမခြေလှမ်းတစ်ခု ဖြစ်သည်ဟု ထို အတွေးအမြင်တွင် မှတ်ချက်ပြုထားသည်။ ယင်းသည် နိုင်ငံ ပြန်လည် အားသစ်လောင်းမှုဆိုင်ရာ ကြီးမားသော တာဝန်ဝတ္တရားကို ရယူထမ်းဆောင်မည့် မိမိတို့ ခေတ်၏ မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦး ထွက်ပေါ်စေရေး ပျိုးထောင်ရန်အတွက် မူလပင်ကို လိုအပ်ချက်တစ်ခု ဖြစ်သည်ဟု အတွေးအမြင်တွင် ပြောထားကြောင်း သတင်းများအရ သိရသည်။

မာတ်စ်ဝါဒ စာသင်ကျောင်းများ ထူထောင်တည်ဆောက်မှုကို ပါတီတည်ဆောက်ရေး လုပ်ငန်းနှင့် ဤကျောင်းများနှင့်အတူ အလုပ်လုပ်မည့် ဌာနများအတွက် အရည်အသွေးရှိ စာသင်ကျောင်းများ ဖြစ်ရေးဆိုင်ရာ အကဲဖြတ် ဆုံးဖြတ်မှုအတွက် အရေးကြီးသော အကြောင်းအရာအဖြစ် စာရင်းသွင်းသင့်သည်ဟုလည်း ယင်းက ဖော်ပြသည်။ ယင်းသည် ထိုအလုပ်လုပ်ကိုင်မှု ဌာနများ၌ ခေါင်းဆောင်မှု အဖွဲ့၊ အဓိက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အထူး နယ်ပယ်ဧရိယာများနှင့် ဌာနများ၏ တာဝန်ခံခေါင်းဆောင်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အလုံးစုံ အကဲဖြတ်ချင့်တွက်မှုပိုင်းတွင် အရေးပါသော ရည်ညွှန်းချက်တစ်ခု ဖြစ်သင့်သည်ဟုလည်း ဆိုထားသည်။

ယင်းသည် အားကောင်းပြီး ထူးချွန်ပေါ်လွင်သော မာတ်စ်ဝါဒ ကျောင်းများ ထူထောင်ခြင်းကို အားပေးမြှင့်တင်ရန် ဖြစ်သည်။ မာတ်စ်ဝါဒသည် ပါတီနှင့် နိုင်ငံအတွက် အခြေခံကျသည့် လမ်းပြ အတွေးအမြင်စနစ် ဖြစ်သည်ဟုလည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေရုံးမှ ထုတ်ပြန်သည့် အတွေးအမြင်စာထဲတွင် ထောက်ပြထားသည်။

မာတ်စ်ဝါဒ ကျောင်းများသည် မာတ်စ်ဝါဒကို လေ့လာခြင်း၊ သုတေသနပြုခြင်းနှင့် အယူဝါဒ ဖြန့်ခြင်းအတွက် အဓိက အခြေခံနေရာများ ဖြစ်ကြသည်။

ခေတ်သစ်ထဲရှိ တရုတ်၏ ဝိသေသလက္ခဏာများနှင့်အတူ ဆိုရှယ်လစ်ဇင် ဆိုင်ရာ ‘ရှီကျင့်ဖျင်၏ အတွေးအခေါ်’ ကို အသုံးပြုပြီး ပြည်သူများကို ပညာသင်ကြားပေးခြင်းနှင့် ယင်း၏ အနှစ်သာရကို ခိုင်မာစေရေးအတွက် မလျှော့စတမ်း လုပ်ဆောင်ရန် အတွေးအမြင်စနစ်နှင့် နိုင်ငံရေးဆိုင်ရာ သီအိုရီ သင်တန်းများက မာတ်စ်ဝါဒ ကျောင်းများအတွက် အဓိကဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်သည်။

“စီပီစီရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ အရာရှိတွေ ရာထူးတိုးမှုက စီးပွားရေး ဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အများပြည်သူ အမိန့်ညွှန်ကြားချက် လိုက်နာမှု၊ လေထုနဲ့ ရေ အရည်အသွေး စတဲ့ အညွန်းအများအပြားရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ ကျွန်တော်တို့ သိထားသလိုပါပဲ၊ ခုချိန်မှာလည်း ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို သုံးပြီး မာတ်စ်ဝါဒကို ပျံ့နှံ့စေမှုပိုင်းနဲ့ပတ်သက်တဲ့ အောင်မြင်မှုလယ်ဗယ်ဟာလည်း ခုဆို အညွှန်းတစ်ခု ဖြစ်လာပါပြီ”။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly