ထန်တလန်မြို့နယ်မှ တပ်စခန်းကို စစ်ကောင်စီတပ်များ စွန့်ခွါ

ထန်တလန်မြို့နယ်မှ တပ်စခန်းကို စစ်ကောင်စီတပ်များ စွန့်ခွါ

ထန်တလန် ၊ အောက်တိုဘာ (၁)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်နှင့် ၄၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် ၀မ်သူးကျေးရွာမှ တပ်စခန်းကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်မှ စွန့်ခွာသွားကြကြောင်း ဒေသခံများ ထံက သိရသည်။

"ဒီနေ့မနက်ပိုင်း ၁၀နာရီခွဲ‌လောက်မှာ ရဟတ်ယာဉ်တစ်စီးနဲ့ စစ်သားအကုန်လုံး လာခေါ်ကြတယ်။ စခန်းက စစ်သား‌တွေ မွေးထားတဲ့ ၀က်နဲ့ ဆန်တွေကိုလည်း ရွာအတွက်ထားခဲ့ကြတယ်"ဟု ရွာခံများကပြောသည်။

အဆိုပါ ၀မ်သူးကျေးရွာ တပ်စခန်းတွင် စစ်ကောင်စီစစ်သား ရှစ်ဦးခန့်သာရှိပြီး ဒေသခံရွာသားများနှင့် ဆက်ဆံရေးကောင်းမွန်စွာ နေထိုင်ခဲ့ကြသည့် တပ်ဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်ညပိုင်းက ထန်တလန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လုံလဲရ်စစ်စခန်းကို CNF ၊ CDFတို့မှ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly