မန္တလေးကဆန္ဒပြသပိတ်လူငယ်တချို့ဖမ်းဆီးခံရ

မန္တလေးကဆန္ဒပြသပိတ်လူငယ်တချို့ဖမ်းဆီးခံရ

စက်တင်ဘာ ၃၀

မန္တလေးမြို့က ဆန္ဒပြသပိတ်ပါဝင်သူတွေကို စစ်ကောင်စီတပ်တွေကပိုက်စိတ်တိုက်လိုက်ရှာနေပြီး ဆန္ဒပြလူငယ်တချို့ပါသွားကြောင်းသိရသည်။

ယနေ့ည၇နာရီဝန်းကျင်မှာ မန္တလေးမြို့ကရပ်ကွက်တော်တော်များများမှာ စစ်ကောင်စီတပ်တွေရောက်နေပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နေအိမ်နှစ်လုံး ဝင်စီးခံရပြီး ကျောင်းသားတချို့ဖမ်းဆီးခံထားရကြောင်းသိရသည်။နီးစပ်သူများ ရှောင်ကြရန်လည်း သပိတ်ခေါင်းဆောင်များကသတိပေးထားသည်။

မန္တလေးမှာ နေ့စဉ်ဆန္ဒပြသပိတ်စစ်ကြောင်းများ ပြုလုပ်နေပြီး ယနေ့ညပိုင်းမှာပိုမိုစစ်ဆေးကာလိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly