ကဘူးလ်မြို့ အာဖဂန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲကို တာလီဘန်တို့ သေနတ်ပစ်ဖောက် လူစုခွဲ

ကဘူးလ်မြို့ အာဖဂန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲကို တာလီဘန်တို့ သေနတ်ပစ်ဖောက် လူစုခွဲ
Photo - AFP

စက်တင်ဘာ ၃၀

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ စက်တင်ဘာ ၃၀ ရက်က အာဖဂန်အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲတစ်ခုကို တာလီဘန်တို့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ပါတယ်။

ယင်းနေ့ မနက်ပိုင်းက အမျိုးသမီးတွေ ပညာသင်ကြားပိုင်ခွင့်အတွက် တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာတော့ အမျိုးသမီး ခြောက်ဦးက လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းနောက်မှာ‌တော့ တာလီဘန်တွေက သေနတ် မိုးပေါ်ထောင် ပစ်ပြီး ခြောက်လှန့် လူစုခွဲခဲ့တာဖြစ်ပါတယ်။

ကဘူးလ်မြို့ အရှေ့ဘက်မှာ ဆန္ဒပြ အာဖဂန် အမျိုးသမီးတွေ စုဝေးပြီး “ပညာရေးကို နိုင်ငံရေးဇာတ်မသွင်းနဲ့” ၊ “ပညာရေးဆိုတာ လူသားတို့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တယ်” ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly