မလေးရှားအပန်းဖြေကျွန်း ပြန်ဖွင့်လှစ်

မလေးရှားအပန်းဖြေကျွန်း ပြန်ဖွင့်လှစ်

စက်တင်ဘာလ ၃၀ ရက်

မလေးရှားနိုင်ငံရဲ့ အပမ်းဖြေနားနေရာ လန်ကာဝီကျွန်းဟာ စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ခရီးသွားတွေနဲ့ ပြန်ပြီးသက်ဝင်စည်ကားနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ အသွားအလာတွေ ကန့်သတ်ထားမြစ်ထားခဲ့ရတာကြောင့် နိုင်ငံ့ ခရီးသွားလုပ်ငန်းကို အတော်လေး ထိခိုက်ခဲ့ရပြီးတဲ့နောက် အခုမှ လန်ကာဝီကျွန်းကို ပထမဆုံးအနေနဲ့အစမ်းသဘော ပြန်ပြီးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ခရီးသွားလုပ်ငန်းပြန်ဦးမော့လာတော့မလား၊ ကပ်ရောဂါကူးစက်မှုကရော စိတ်ချရပါပြီလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အေအက်ဖ်ပီသတင်းတပုဒ်ကို အခြေခံပြီး မခွာညိုက တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly