PDF ဟု စွပ်စွဲခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အချုပ်အနှောင်ထဲမှာ မီးဖွား

PDF ဟု စွပ်စွဲခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အချုပ်အနှောင်ထဲမှာ မီးဖွား

စက်တင်ဘာ ၂၉

ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီတပ်တွေက ကာကွယ်ရေးတပ် (PDF) ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့သူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးသွားပြီဟု ဒေသခံများကပြောသည်။

“မနေ့က အေးချမ်းဖြိုးမှာ မီးဖွားတယ်၊ အေးချမ်းဖြိုးဆိုတာ ဆင်မရွာထဲက ရပ်ကွက် အဲ့မှာဖွားတာ၊ မီးဖွားပြီးတာနဲ့ ချက်ခြင်းပြန်ဖမ်းခေါ်သွားတယ် ငွေဆောင်ဖက်ကို ပြန်ခေါ်သွားတာ ပုခက်နဲ့ထမ်းပြီး ခေါ်သွားတာ၊ ပုခက်ကလည်း ရွာသားတွေကို ထမ်းခိုင်းတာ၊ သွေးနုနုနဲ့ဗျာ ဘာလေးမွေးတယ်တောင် ဘယ်သူမှမသိလိုက်ဘူး၊ ကျန်းမာရေးကောင်းမကောင်း ဘယ်သူမှ မသိရဘူး၊အကုန်လုံးက ထွက်ပြေးနေရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ၂၅ရက်နေ့ကစ၍ သဲဖြူကျေးရွာကို အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ကျေးရွာစာသင်ကျောင်းမှာ တပ်စွဲကာ ရွာအတွင်း PDF များကို သင်တန်းပေးနေသည်ဆိုကာ ဒေသခံ အယောက် ၃၀နီးပါးကို ဖမ်းဆီးခဲ့ရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါဝင်သည်။

လက်ရှိတွင်လည်း သဲဖြူကျေးရွာနှင့် အနီးကျေးရွာများဖြစ်သည့် ရွာသစ်ကုန်း၊ တောင်သရက်ကုန်းကျေးရွာတွေကိုလည်း ပိတ်ဆို့ထားပြီး တောနင်းရှာဖွေတာ ကျေးရွာအတွင်းက နေအိမ်တွေအပြင် ပိုက်တဲနှင့်ယာတဲများကိုပါ ပိုက်စိတ်တိုက်ရှာဖွေမှုပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required