မုံရွာတွင် တော်လှန်ရေးတပ်များက ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၅ ဦးသေဆုံး

29 September 2021
မုံရွာတွင် တော်လှန်ရေးတပ်များက ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စစ်ကောင်စီတပ်ကားသုံးစီးကို ယနေ့နေ့လည်က ဗုံးခွဲတိုက်ခိုက်ပြီး ငါးဦးသေဆုံးသွားစေခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

မုံရွာတောင်ဘက် ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးအနီး စက်မှုဇုံလမ်းထိပ်တွင် နေ့လည် ၁ နာရီအချိန်တွင် မုံရွာပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကိုယ်စားပြု သံမဏိတပ်ဖွဲ့ မှ ခွန်ဆာ နှင့် ချောင်းဉီး (PDF) တို့က ဖောက်ခွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၂၃ရက်နေ့ကလည်း အဆိုပါ ပူးပေါင်းတပ်ဖွဲ့သည် နတ်ရေကန်အနီး ရေပိုးစားတွင် မိုင်းကိုးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက် မှ ခြောက်ဦးသေဆုံးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly