ဒေါက်တာဆာဆာ တင်ပြတဲ့ စစ်တပ်ကိုအရေးယူဖို့ ‌ဖြတ်လေးဖြတ်

ဒေါက်တာဆာဆာ တင်ပြတဲ့ စစ်တပ်ကိုအရေးယူဖို့ ‌ဖြတ်လေးဖြတ်

စက်တင်ဘာ ၂၉

အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်နေမှုတွေကို ရပ်တန့်နိုင်ဖို့နဲ့ ဖိအားပေးနိုင်ဖို့တို့အတွက် ဖြတ်လေးဖြတ်လုပ်ဆောင်ဖို့ စက်တင်ဘာ ၂၄ ရက်နေ့က “World Peace Summit”မှာ ဒေါက်တာဆာဆာက ကမ္ဘာကြီးကို တောင်းဆိုတိုက်တွန်းခဲ့တာပါ။ ဒီငြိမ်းချမ်းရေးညီလာခံကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီက မြောက်အမေရိကဒေသ၊ “HEAVENLY CULTURE, WORLD PEACE AND THE RESTORATION OF LIGHT” (HWPL)ရုံးမှာ ကျင်းပခဲ့ကြတာပါ။

ဒီပွဲမှာ ဒေါက်တာဆာဆာ ပြောခဲ့တဲ့ ဖြတ်လေးဖြတ်က ဘာတွေလည်းဆိုတော့ -

(၁) အပြင်းထန်ဆုံး စီးပွားရေးနဲ့ နိုင်ငံရေးခွဲခြားဆက်ဆံမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခြင်းကနေ စစ်ကောင်စီအပေါ် ငွေကြေးဖြတ်တောက်ပေးဖို့၊ (၂) စစ်တပ်ကို ထောက်ပံ့နေတာတွေအားလုံးကို ဖြတ်တောက်ပေးဖို့။ (၃) စစ်အာဏာရှင်တွေနဲ့ အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံရေးအရ အသိအမှတ်ပြုနေတာတွေကို ဖြတ်တောက်ပေးဖို့နဲ့ (၄) စစ်တပ်နဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကို အကျိုးပြုထားတဲ့ အပြည်ပြည်ဆိုင်ရာ အထောက်အပံ့တွေကို ဖြတ်တောက်ပေးဖို့ကို ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဒေါက်တာဆာဆာပြောခဲ့တဲ့ နံပါတ်တစ်အချက်က စစ်အာဏာရှင်‌၊ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်တပ်ဩဇာခံအရပ်သားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပါဝင်ပါတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုများကို နေရာမရွေး ဖြတ်တောက် ပေးဖို့။ စစ်တပ်အတွက် ဝင်ငွေများစေပြီး သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်း‌တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ စက်ရုံတွေ အပါအဝင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ စစ်တပ်ရဲ့ လုပ်ငန်းတွေ အားလုံးကို ကြီးမားရှုပ်ထွေးတဲ့ကွန်ယက်နဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့ပေးဖို့။ မြန်မာပြည်သူတွေကိုလည်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း‌တွေအပေါ် ငွေကြေးအရ မှီခိုအားထားစေခြင်းတို့ မရှိစေဖို့။

အရေးကြီးတာက စစ်တပ်ရဲ့ အကြီးမားဆုံးငွေဝင်အရင်းအမြစ်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ရောင်းချခြင်းကနေ ဝင်ငွေဖန်တီးနိုင်ဖို့ မဖြစ်နိုင်တော့ခြင်းကို ထောက်ပြတယ်။ နှစ်ရှည်လများစွာ ဆင်းရဲဒုက္ခခံစားကြရတဲ့ မြန်မာပြည်သူ‌တွေဆီက စုတ်ယူခဲ့တဲ့ ဥစ္စာဓနတွေကို စစ်အာဏာရှင်တွေက ဖုံးကွယ်ထားခြင်းနဲ့ ငွေမည်းကို ငွေဖြူအဖြစ် ခဝါချခြင်းများပြုလုပ်နေတဲ့ နိုင်ငံရပ်ခြားက ဘဏ္ဍာရေးလုပ်ငန်းရှင်တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခြင်းတွေ တိုးချဲ့လုပ်ဆောင်ပေးဖို့ သူက ပြောခဲ့တယ်။

နံပါတ်နှစ်အချက်ကတော့ စစ်တပ်က ရက်စက်ပြီး ဖိနှိပ်အုပ်ချုပ်နေတာကို လူတိုင်းသိပေမယ့် စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ လက်နက်နဲ့ ပစ္စည်း‌တွေကို နိုင်ငံခြားကနေ လက်ခံရရှိနေဆဲမို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု မကျင့်သုံးနိုင်သေးသည်ကို မတွေးဝံ့ဘူးလို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုက်အဝိုင်းက စစ်တပ်ကို လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တရားမဝင်အဖြစ်မသတ်မှတ်သေးပဲ ဆက်လက်ထောက်ပံ့နေတာဟာ မဖြစ်သင့်တော့ဟု သူကဆိုပါတယ်။ ဒီကိရိယာပစ္စည်းတွေဟာ ခွဲခြားဆက်ဆံမှုမရှိတဲ့ သေဆုံးခြင်းနဲ့ ပျက်စီးခြင်းအတွက် အသုံးမဝင်တဲ့အပြင် စစ်တပ်က သူတို့၏စတော့များကို ပြန်လည်ဖြည့်တင်းဖို့ ခွင့်ပြုနေတာမို့လို့ မတရားဟု ဆိုပါတယ်။

ဒါ့အပြင် ဂျက်လေယာဉ် လောင်စာဆီကို စစ်တပ်က အသည်းအသန်လိုအပ်နေပါတယ်။ စစ်တပ်ဟာ ကုန်သွယ်ရေးလေယာဉ်အချို့ လည်ပတ်နေတဲ့အတွက် အရပ်ဘက် လူသုံးကုန်ပစ္စည်းတစ်ခု ဖြစ်နေသော်လည်း စစ်တပ်ဟာ မြေပြင်မှာ ဗုံးကြဲရန်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းကာကွယ်ရေးတွေအတွက် သူတို့တစ်ဖွဲ့တည်းကသာ အသုံးပြုနေကြတယ်။ လေယာဉ်လောင်စာဆီကို စစ်အာဏာရှင်ထံ မရောက်အောင် ဖြတ်တောက်ရန် လိုအပ်ပါတယ်လို့ ပြောခဲ့တယ်။

နံပါတ်သုံးအချက်က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်တပ် ဒါမှမဟုတ် စစ်တပ်ရဲ့အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ ဘယ်လိုအစိုးရအရာရှိနဲ့မဆို စီးပွားရေးနဲ့ သံသမန်ရေးဆက်ဆံမှု အားလုံးကို ရပ်စဲရန် အရေးကြီးတယ်။ ဒါ‌ပေမယ့် ဒီတစ်ခုတည်းနဲ့ မလုံလောက်သေးဘူး။ စစ်အာဏာရှင်ကို ကမ္ဘာ့အလယ်မှာ တရားဝင်မှုပပျောက်စေဖို့အတွက် နိုင်ငံတွေအားလုံးက အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်ဖို့။

NUG ဟာ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကောင်းကြိုးတွေအတွက် မအားမလပ် ကြိုးစားလုပ်ဆောင်နေတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထာဝရ ယူဆောင်လာနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ခြင်းတွေ ပြုလုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ခြင်းနဲ့ လက်တွဲလုပ်ဆောင်ခြင်းတွေ ပြုလုပ်ပေးဖို့ ပြောခဲ့ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း‌တွေကတစ်ဆင့်ပေးပို့တဲ့ ဘယ်လို အကူအညီ ဒါမှမဟုတ် အထာက်အပံ့မျိုးကိုမဆို အမှန်တကယ်လိုအပ်နေတဲ့ လူထုအတွက် အနည်းငယ်မျှ သို့မဟုတ် လုံးဝမရောက်ပဲ စစ်တပ်က ကိုယ်ကျိုးအတွက်သာ အသုံးချသွားတာကို နိုင်ငံတကာကနားလည်သင့်တယ်လို့ ထောက်ပြတယ်။ မြေပြင်မှာ အမှန်တကယ် အကျိုးသက်ရောက်မှုဖြစ်စေဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကို အားကောင်းစေကာ ပြည်သူအတွက်အမှန်တကယ်ထောက်ပံ့ပေးတဲ့ ယန္တရားတွေနဲ့ ပေးအပ်ရမယ်။ အခုလိုလုပ်ဆောင်ခြင်းဖြင့် ကျန်ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ မတူကွဲပြားမှုတွေကနေ ကြီးထားလာတဲ့ နက်ရှိုင်းမှုကို ကူညီနိုင်တယ်လို့ ဒေါက်တာဆာဆာက ပြောခဲ့တယ်။

ဒီအချက်တွေအပြင် သူ့ရဲ့မိန့်ခွန်းမှာ စစ်တပ်ဟာ COVID-19 ကို လက်နက်သဖွယ်အသုံးပြုနေပါတယ်။ ပြည်သူလူထုရဲ့အထောက်အပံ့များကို ဖျက်ဆီးမှုအပြင် ပြည်သူတွေပိုင်ဆိုင်သမျှ အနည်းငယ်သောအထောက်အပံ့‌တွေကိုပါ လုယူကာ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ဖမ်းဆီးလိုက်ကြတယ်။ မြန်မာနိုင်ငံမှာ ပြည်သူပေါင်း သိန်းနဲ့ချီကာ COVID-19 ရောဂါကြောင့် ဆုံးရှုံးနစ်နာခြင်း၊ အသက်ဆုံးရှုံးခြင်းနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၆ ဒသမ ၄ သန်းဟာ လတ်တလော စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်။ ၂၇ သန်းဟာ ဆိုးရွားလှတဲ့ ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့နေရတယ်။ ၁ ဒသမ ၂ သန်းဟာ အိုးအိမ်တွေကိုစွန့်ခွာကာ အသက်လုထွက်ပြေး တိမ်းရှောင်နေကြရတယ်။ လွန်ခဲ့တဲ့ ၇ လကပင် စစ်တပ်ဟာ အရပ်သားပြည်သူ ၈,၄၀၁ ယောက်ကို ဖမ်းဆီးခဲ့ကာ ၁,၁၂၃ ဦးကို သွေးအေးစွာနဲ့ သတ်ဖြတ်ခဲ့ကြတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးညီလာခံမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly