ကုလသမဂ္ဂတွင် တာလီဘန်များ နေရာရနိုင်ချေ နည်းပါး

By Asian Lite
29 September 2021
ကုလသမဂ္ဂတွင် တာလီဘန်များ နေရာရနိုင်ချေ နည်းပါး

တာလီဘန်နိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၂၇ရက်တွင် အဆုံးသတ်တော့မည့် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားရန်မှာမဖြစ်နိုင်ကြောင်း မီဒီယာ သတင်းများတွင် ဖော်ပြထားသည်။

၂၀၂၁ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) နှစ်ပတ်လည်အစည်းအဝေးတွင် အာဖဂန်နစ္စတန်၏ အုပ်ချုပ်သူအသစ်ဖြစ်လာသော တာလီဘန်များ၏ တရားဝင်ဖြစ်မှုကို ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၂၇ရက်တွင် တာလီဖန်အဖွဲ့သည် ဒိုဟာနိုင်ငံရေးရုံးပြောရေးဆိုခွင့်ရှိသူ စူဟေးလ်ရှာဟန် အား အာဖဂန်နစ္စတန် ကိုယ်စားပြုသံတမန်အဖြစ်ခန့်အပ်ခဲ့သည်။

တာလီဘန် နိုင်ငံခြားရေးဝန်ကြီး ခန်မတ်တာကွီက UNGA ၌ စူဟေးလ်ရှာဟန် စကားပြောခွင့်ပြုရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံသို့ပေးပို့သော စာတစ်စောင်တွင် တောင်းဆိုခဲ့သည်။

တာလီဘန်များ၏ တောင်းဆိုချက်ကို အဖွဲ့ဝင် ၉ နိုင်ငံပါဝင်သည့် စိစစ်ဆုံးဖြတ်ရေး ကော်မတီသို့ ပေးပို့ခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောကြားကြောင်း Reuters သတင်းက ဖော်ပြခဲ့သည်။ အဆိုပါ ကော်မတီတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဆွီဒင်၊ တောင်အာဖရိက၊ ဆီယာရာလီယွန်၊ ချီလီ၊ ဘူတန်နှင့် ဘဟားမားစ်တို့ ပါဝင်ပြီး ကော်မတီက ယင်းကိစ္စကို နောက်သီတင်းပတ်မတိုင်မီအထိ ဆွေးနွေးရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် မဲခွဲဆုံးဖြတ်ရန်အထွေထွေညီလာခံသို့ လွှဲပြောင်းပေးခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်တွင် UNGA အစည်းအဝေးတွင် စကားပြောရန် လက်ရှိသံအမတ် အိုင်စက်ဇိုင်းကို ကုလသမဂ္ဂက အသိအမှတ်ပြုထားသဖြင့် ပါကစ္စတန်အပါအဝင် နိုင်ငံတချို့မှ ကန့်ကွက်မှုများရှိနေနိုင်သည်။

စိစစ်ဆုံးဖြတ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်မချမချင်း UNGA စည်းမျဉ်းများအရ လက်ရှိအာဖဂန်သံအမတ် အိုင်စက်ဇိုင်းသည် လက်ရှိနေရာတွက် ဆက်ရှိနေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly