ဒရုန်းနယ်ပယ်တွင်း အိန္ဒိယ၏ မူဝါဒများနှင့် ပြုပြင်ပြောင်းလဲမှုများက ချီးကျူးထိုက်သည်ဟု General Atomic စီအီးအို ပြော

By Zee5
29 September 2021
ဒရုန်းနယ်ပယ်တွင်း အိန္ဒိယ၏ မူဝါဒများနှင့် ပြုပြင်ပြောင်းလဲမှုများက ချီးကျူးထိုက်သည်ဟု General Atomic စီအီးအို ပြော

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် အမေရိကန်အခြေစိုက် စွမ်းအင်နှင့် ကာကွယ်ရေးဆိုင်ရာ ကော်ပိုရေးရှင်း General Atomics Global Corporation ၏ စီအီးအို ဗီဗက်ခ် လော နှင့် တွေ့ဆုံပြီး အကျိုးဖြစ်ထွန်းမှုရှိသည့် ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အိန္ဒိယ၏ လွတ်လပ်သည့် ဒရုန်းမူဝါဒနှင့် PLT (ထုတ်လုပ်မှုနှင့် ချိတ်ဆက်သည့် မက်လုံးပေးမှု) အစီအစဥ်ကြောင့် ဒရုန်းထုတ်လုပ်မှု နယ်ပယ်၌ အခွင့်အလမ်းများ ရှိနေမှုနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဒရုန်း နယ်ပယ်ရှိ အိန္ဒိယ၏ မူဝါဒများနှင့် ပြုပြင်ပြောင်းလဲမှုများအပေါ် ချီးကျူးရင်း ဗီဗက်ခ်ကလည်း အိန္ဒိယသည် ဒရုန်းထုတ်လုပ်မှုအတွက် ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်သည်ဟု ပြောသည်။ ဒရုန်းဆိုင်ရာ ဖွဲ့စည်းတည်ရှိမှုစနစ်တစ်ခုလုံးကို ထောက်ပံ့ရန်အတွက် အိန္ဒိယတွင် ရည်မှန်းချက်ထား နှစ်မြှုပ်လုပ်ကိုင်သည့် ဒရုန်းဆိုင်ရာ ဗဟိုချက်နေရာတစ်ခုကို ဖန်တီးနိုင်ကြောင်း ၎င်းက ပြောခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အိန္ဒိယ၏ အာကာသ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍လည်း General Atomics Global Corporation ၏ စီအီးအိုက ချီးကျူးစကား ဆိုခဲ့သည်။

၂၀၁၈ ခုနှစ်တွင် General Atomics က အိန္ဒိယတွင် ယင်း၏ ပထမဆုံးရုံးကို ဖွင့်လှစ်ခဲ့သည်။ ယင်းက အိန္ဒိယ-အမေရိကန်အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေသည့် သိသာထင်ရှားသော အထောက်အပံ့များကို ဖြစ်စေသည်။ ကုမ္ပဏီသည် နိုင်ငံ ကာကွယ်ရေးပိုင်းကို ထောက်ပံ့ရေးဆိုင်ရာ နောက်ဆုံးပေါ် နည်းစနစ်များ၊ နည်းပညာများဖြင့် အိန္ဒိယကို ထောက်ပံ့ရန် အားထုတ်မှုတစ်ခုနှင့်အတူ အစိုးရနှစ်ရပ်စလုံးနှင့် အတူလုပ်ဆောင်နေသည်။

ထို့ပြင် နိုင်ငံ၏ ကာကွယ်ရေးပိုင်းအပြင် လုပ်ဆောင်နိုင်စွမ်း တည်ဆောက်မှုအတွက် ဖြေရှင်းချက်နည်းလမ်းများ ပေါ်ထွန်းစေရန် General Atomics သည် အိန္ဒိယကုမ္ပဏီများနှင့်လည်း ပူးပေါင်းလုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly