ရှီကျင့်ဖျင်၏ လုပ်ရပ်ကြောင့် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်လာ

ရှီကျင့်ဖျင်၏ လုပ်ရပ်ကြောင့် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်လာ

တရုတ်ကွန်မြူနစ်ပါတီနှင့် သမ္မတရှီကျင့်ဖျင်တို့က နည်းပညာကုမ္ပဏီကြီးများ၊ ကော်ပိုရိတ်များ၊ အိမ်ရာလုပ်ငန်းကြီးများနှင့် အခြားကဏ္ဍများအပေါ် မကြာသေးမီက လုပ်ဆောင်မှုများသည် နိုင်ငံကို နောက်ထပ်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံမှုမရှိသော၊ အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်လာစေကြောင်း မီဒီယာသတင်းတစ်ခုတွင် ဖော်ပြထားသည်။

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းအများအပြားကို ဖိနှိပ်ခဲ့ကြောင်း တရုတ်က ယခင်က ကြေညာထားခဲ့သည်။ ပြည်တွင်း၌ နှစ်သိမ့်ရန်နှင့် ရှီကျင့်ဖျင်၏ ပုံရိပ်ကို နိုင်ငံတွင်း မြှင့်တင်ရန်လည်း လုပ်ဆောင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားသည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အမျိုးသားပြည်သူကွန်ဂရက် မတိုင်မီ မဟာဗျူဟာ ဆောင်ရွက်မှုအဖြစ် လေ့လာသူများက သုံးသပ်ထားသည်။ အဆိုပါ ကွန်ဂရက်တွင် သမ္မတရှီကျင့်ဖျင်ကို တစ်သက်တာဥက္ကဌအဖြစ် အတည်ပြုနိုင်ခြေများစွာ ရှိနေကြောင်း ဝေါစထရိဂျာနယ်တွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။

ရှီကျင့်ဖျင်ကို CCP နှင့် နိုင်ငံတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်အများအပြားက ထောက်ခံထားသော်လည်း ပြည်သူတို့၏ ထောက်ခံမှု ရရှိရန် လိုအပ်သည်။ ရှီကျင့်ဖျင်က ၎င်းကို တရုတ်နိုင်ငံ၏ အင်အားကြီးသော ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရရန် မျှော်လင့်ထားပြီး ဘီလျံပေါင်းများစွာ ကြွယ်ဝချမ်းသာသူများကို ဆန့်ကျင်ဖက်ပြုလုပ်ပြီး ၎င်းတို့၏ အကျိုးအမြတ်များကို မျှဝေသုံးစွဲရန် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည်။ ကွန်မြူနစ်အစိုးရသည် ရုပ်ရှင်လောကမှ ထင်ရှားသူများ၊ Evergrande အိမ်ယာလုပ်ငန်းအုပ်စုနှင့် အခြားစီးပွားရေးမျးကို ပစ်မှတ်ထားခဲ့သည်။

တရုတ်အစိုးရ တိုးတက်လာမည်ကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် အခြားနိုင်ငံများကိုလည်း တိုက်ခိုက်ခဲ့သည်။ တရုတ်မီဒီယာနှင့် သံတမန်များက ရှင်ကျန်းနှင့် ဟောင်ကောင်ကိစ္စတို့တွင် ယင်းကဲ့သို့ ပုံမှန်လုပ်ဆောင် ခဲ့သည်။ ဇွန်လအတွင်းက တရုတ်အစိုးရက အတည်ပြုခဲ့သည့် ပြည်ပပိတ်ဆို့အရေးယူမှု တိုက်ဖျက်ရေး ဥပဒေသည် သတိပေးခေါင်းလောင်းသံများ ဖြစ်လာခဲ့သည်။ လိုက်နာမှုမရှိသည့် ပြည်ပကုမ္ပဏီအနေဖြင့် အမှုရင်ဆိုင်ရကာ ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်ပစ္စည်းအဖြစ် သိမ်းယူခံရမည်ဖြစ်သည်။ ယခုအခါ ရှီကျင့်ဖျင် လက်ထက် တရုတ်နိုင်ငံတွင် အပြောင်းအလဲများစွာရှိနေသည်ဆိုသော အချက်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများက နားလည်ထားရမည်။ လက်တွေ့ဆန်မှုသည် အတိတ်တွင်ကျန်ခဲ့သည်။ တရုတ်က လိုချင်သည့်အရာကို ရရှိအောင် လုပ်ဆောင်လာသည်။ “မိမိတို့သည် တစ်ကမ္ဘာ၊ စနစ် ၂ ခု ပုံစံကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်” နှစ်ဖက် စလုံးတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ဟောင်ကောင်၏ မကြာသေးမီ အတွေ့အကြုံက မိမိတို့ကို သင်ကြားပေးခဲ့သည်။ တရုတ်၏ အဝန်းအဝိုင်းအတွင်းဖြစ်စေ၊ အပြင်တွင်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ အနောက်နိုင်ငံမှ အဖွဲ့အစည်းများအနေဖြင့် လှေနံနှစ်ဖက်နင်းခြင်းဖြင့် ရေရှည်မရပ်တည်နိုင်တော့ကြောင့် ဝေါစထရိဂျာနယ်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required