တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေး ကုမ္ပဏီများအား ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးမှုဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အဆိုတင်သွင်း

တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေး ကုမ္ပဏီများအား ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးမှုဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အဆိုတင်သွင်း

တရုတ်ကွန်မြူနစ်ပါတီ (CCP) စစ်တပ်နှင့် ထောက်လှမ်းရေး ကုမ္ပဏီများအား ပစ်မှတ်ထားသည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် အဆို တင်သွင်းလိုက်သည်။

အောက်လွှတ်တော် နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများ ကော်မတီဝင် ရီပတ်ပလစ်ကင်အမတ် အန်ဒီဘားက အမေရိကန် ကာကွယ်ရးဝန်ကြီးဌာန၏ နှစ်စဉ်စာရင်းတွင် ပါဝင်သည့် CCP ၏ စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများနှင့် အမေရိကန်၏ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ရှိစေသော ထောက်လှမ်းရေး ကုမ္ပဏီများကို သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့အရေးယူသည့် ပြစ်ဒဏ်ချမှတ်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း ၎င်း၏ ရုံးခန်းမှ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ တရုတ်စစ်ဘက်နှင့် ထောက်လှမ်းရေး ကုမ္ပဏီဆိုင်ရာ အက်ဥပဒေသည် အမေရိကန်၏ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ပေးသလို CCP စစ်တပ်နှင့် ထောက်လှမ်းရေး ကုမ္ပဏီများသို ငွေကြေးရောက်ရှိစေသည့် အနောက်နိုင်ငံ ကုမ္ပဏီများကို ကန့်သတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော် လုံခြုံရေးအတွက် ခြိမ်းခြောက်သည်ဟု အမေရိကန်အာဏာပိုင်များက စာရင်းပြုစုထားသည့် တရုတ်ကုမ္ပဏီအချို့ကို ယခုဥပဒေကြမ်းက ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ စာရင်းတွင် ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီအများအပြားကို ထည့်သွင်းထားကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

CCP ၏ စစ်ဘက်နှင့် ထောက်လှမ်းရေးကုမ္ပဏီများအဖြစ် ရှင်းလင်းစွာ သတ်မှတ်ထားသည့် ကုမ္ပဏီများအပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခြင်းဖြင့် အမေရိကန်နိုင်ငံသားတိုင်း၏ ကိုယ်ရေးကိုယ်လုံခြုံမှုကို ယခုဥပဒေက ကာကွယ်ပေးနိုင်ကြောင်း ဘားက အလေးအနက် ပြောကြားသည်။

“ဒီကုမ္ပဏီတွေက နိုင်ငံတော် လုံခြုံရေးကို လက်ရှိအချိန်မှာရော၊ အနာဂတ်မှာပါ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ ကျွန်တော့်ရဲ့ ဥပဒေက သူတို့တွေ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင် လုပ်ဆောင်ခြင်း မပြုနိုင်အောင် ဟန့်တားပေးမှာ ဖြစ်ပါတယ်”

 ခြိမ်းခြောက်မှုမရှိသည့် တရုတ်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံနိုင်မှုကို မထိခိုက်စေဘဲ တရုတ်ကွန်မြူနစ်ပါတီ ကြီးထွားမှုအတွက် အမေရိကန်၏ ငွေကြေးများဖြင့် ကူညီခြင်းမဖြစ်စေစေရန် တိုက်ဖျက်ရာတွင် ယခုဥပဒေကြမ်းက အမှန်တယ်လိုအပ်ကြောင်း ယင်းဥပဒေကြမ်းကို ထောက်ခံသူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly