လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် တရုတ်စီးပွားရေး အထိနာစေနိုင်

လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် တရုတ်စီးပွားရေး အထိနာစေနိုင်

အာရှ၏ အကြီးဆုံး စီးပွားရေးဖြစ်သော တရုတ်နိုင်ငံသည် Evergrande ပြဿနာကြောင့် ဘဏ္ဍာရေးစနစ်အတွင်း ဂယက်ထနေစဉ် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို စတင် ရင်ဆိုင်နေရခြင်းက တိုင်းပြည်၏ စီးပွားရေးကို အထိနာစေနိုင်သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်တက်လာခြင်း၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်ခြင်းနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် တရုတ်အစိုးရက တင်းကျပ်သော သတ်မှတ်ချက်များဖြင့် ဓာတ်အား သုံးစွဲမှု လျော့ချရေးကို ဖိအားပေးမှု ဖြစ်လာသည်။

အဆိုပါ ပြဿနာသည် အကြီးမားဆုံးသော ကုန်ထုတ်လုပ်မှုစက်မှုလုပ်ငန်းကဏ္ဍတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အလူ မီနီယံ အရည်ကျိုစက်ရုံများမှ အထည်အလိပ်ထုတ်လုပ်သူများနှင့် ပဲပုပ်ထုတ်လုပ်သည့်စက်ရုံများသည် စက်ရုံများ လည်ပတ်မှုအချို့ကို ထိန်းချုပ်ရန်နှင့် ရပ်တန့်ထားရန် အမိန့်ပေးခံနေရသည်။

တရုတ်ဒေသများ၏ထက်ဝက်နီးပါးသည် အစိုးရက သတ်မှတ်ထားသည့် စွမ်းအင်သုံးစွဲမှု သတ်မှတ်များ ကို ကျော်လွန်နေသောကြောင့် ယခုအခါဓာတ်အားသုံးစွဲမှုကို ထိန်းချုပ်ရန်ဖိအားပေးခံနေရခြင်းဖြစ်သည်။

ထိခိုက်ခံရဆုံးဒေသများတွင် ကျန်းစု၊ ကျီကျန်းနှင့် ကွန်တုံပြည်နယ်တို့ဖြစ်ပြီး တရုတ်စီးပွားရေး၏ ၃ပုံ ၁ ပုံနီးပါးကို ပိုင်ဆိုင်သော စက်မှုဒေသ ၃ ခုဖြစ်သည်။

" ဈေးကွက်က Evergrandeကို အာရုံစိုက်မှုနဲ့ တရုတ်အစိုးရရဲ့ အိမ်ခြံကဏ္ဍအပေါ် မကြုံစဖူး ကန့်သတ်ချက်တွေကြောင့် အခြားအရေးကြီးတဲ့ ထောက်ပံ့ရေးဘက်က အကျပ်အတည်းကို လျော့ချခန့်မှန်းနေတာ ဒါမှမဟုတ် လွှဲချော်သွားတာဖြစ်နိုင်ပါတယ်" ဟု Nomura Holding Incမှ တင်လုအပါအဝင် လေ့လာသုံးသပ်သူများက သတိပေးခဲ့သလို ယခု ၃လပတ်တွင် စီးပွားရေကျုံ့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့သည်။

Evergrande၏ ကြီးမားများပြားလှသည့် ကြွေးမြီအကျပ်အတည်းကို ပိုမိုအာရုံစိုက်နေကြသဖြင့် တရုတ်၏ လျှပ်စစ်ဓာတ်အား အခက်အခဲက ပိုမိုဆိုးရွားလာနေခြင်းက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒအလွန်အမင်း တင်းကျပ်မှုကို ရောင်ပြန်ဟပ်နေပြီး ဥရောပဈေးကွက်တွင် ဝရုန်းသုန်းကားဖြစ်နေသည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ကိုဗစ်ကြောင့်ပိတ်ဆို့ထားမှုများကိုဖြေလျော့ပေးမှုကြောင့် စီးပွားရေးပြန်လည် ဦးမော့လာမှုသည် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုတစ်စုစီ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို မြင့်တက်စေပြီး သတ္တုတွင်းလုပ်သားများနှင့် တူးဖော်သူများ၏ ရင်းနှီးမြှုပ်နှံမှုနည်းပါးသွားခြင်းက ထုတ်လုပ်မှုကို ထိခိုက်စေလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly