ရထားလမ်းဗုံးဖောက်ခံရပြီးနောက် လမ်းပိတ်ကာ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်များစစ်ဆေး

ရထားလမ်းဗုံးဖောက်ခံရပြီးနောက် လမ်းပိတ်ကာ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်များစစ်ဆေး

မန္တလေး၊စက်တင်ဘာ ၂၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့ ကန်သာယာရပ်ကွက် ၅၈ လမ်း ၁၁၄ နှင့် ၁၁၆လမ်းအနီး မန္တလေး-ပြင်ဦးလွင်မီးရထားလမ်းသံလမ်း ယနေ့နံနက် အစောပိုင်းက ဗုံးဖောက်ခွဲခံခဲ့ရသည်။

ရထားလမ်းဖောက်ခွဲမှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထို့အပြင်ယနေ့ နေ့လည်ပိုင်းအထိ ၅၈ လမ်းနှင့် ၁၁၄ လမ်းတွင် အင်အားအများ အပြားနဲ့လမ်းသွားလမ်းလာများကိုပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

" လမ်းကပိတ်ထားတယ်။သံလမ်းဘက်ကိုလုံးဝဖြတ်မသွားခိုင်းဘူး။တခြားလမ်းကနေပြန်သွားခိုင်းတာ "ဟု အဆိုပါနေရာတွင်စစ်ဆေးခံလာရသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင်ဗုံးပေါက်ကွဲမှုနှင့် ဒလန်ဟုကျော်ဇောသူများ အသတ်ခံရမှုများ ရှိလာပြီးနောက် စစ်ကောင်စီကလည်း ညစဉ်ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ် နေသလို အရပ်ဝတ်လှည်းကင်းများနှင့်စောင့်ကြည့်စစ်ဆေးမှုများလည်းပြုလုပ် နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly