ထန်တလန်မြို့တွင်း ပစ်ခတ်မှုတွင် စစ်အုပ်စုဘက်မှ ၅ ဦးသေ

ထန်တလန်မြို့တွင်း ပစ်ခတ်မှုတွင် စစ်အုပ်စုဘက်မှ ၅ ဦးသေ

စက်တင်ဘာ ၂၈

ချင်းပြည်နယ်၊ ထန်တလန်မြို့ တစ်နေရာတွင်အကြမ်းဖက်စစ်ကောင်စီနှင့် CDF-Thantlang ရဲဘော်များ ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုဘက်မှ ငါးဦးထက်မနည်းသေဆုံးကြောင်း စက်တင်ဘာ ၂၇ရက်က CDF မှထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီနှင့် ၁၁ နာရီကြားဖြစ်ခဲ့သည့် တိုက်ပွဲတွင် “ စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူအများအပြားရှိမယ်လို့ယူဆရပြီး CDF ဘက်မှထိခိုက်မှုမရှိပါ” ဟု CDF-Thantlang တာဝန်ရှိသူ တစ်ဦးမှပြောသည်။

ထန်တလန်မြို့တွင်း ပြည်သူပိုင် အိမ်၊ ဆိုင်ပစ္စည်းများ ခိုးယူထားသည် ကိုတွေ့ရှိပါက တွေ့သည့် နေရာမှာပင် ပစ်သတ်မည်ဖြစ်ကြောင်း CDF-Thantlang က ထုတ်ပြန်ချက်မှတစ်ဆင့် သတိပေးထားသည်။

စစ်ကောင်စီ လက်အောက်ခံတပ်သားများ အနေဖြင့် ပြည်သူဘက်သို့ ပူးပေါင်းလိုပါက လှိုက်လှိုက်လှဲလှဲကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း CDF မှ ထပ်လောင်းအသိပေးထားသည်။

စစ်ကောင်စီဘက်ကမြို့တွင်း အထိလက်နက်ကြီးများနှင့်ပစ်ခတ်ခြင်းကြောင့် ထန်တလန်မြို့‌ပေါ်ရှိပြည်သူအားလုံးသည် မြို့လုံးကျွတ် ပြီးခဲ့သည့် ရက်ပိုင်းထဲက နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly