ကျောက်တံတားရဲစခန်း ရဲဝန်ထမ်းလိုင်းခန်းတွင် ဗုံးပေါက်ကွဲ

By OAK
28 September 2021
ကျောက်တံတားရဲစခန်း ရဲဝန်ထမ်းလိုင်းခန်းတွင် ဗုံးပေါက်ကွဲ

စက်တင်ဘာ ၂၈

အထပ်မြင့်အဆောက်အဦဖြစ်သော ‌ကျောက်တံတားရဲစခန်း၏ ရဲဝန်ထမ်းများ နေထိုင်ရာ (၄) လွှာတွင် ယနေ့နံနက် ၇ နာရီက ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း 44st-UG အဖွဲ့နှင့် Yangon Anti-Dictatorship Force (YADF) အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်သည်။

အဆိုပါဗုံးကွဲမှုနှင့်ပတ်သက်၍ ရဲစခန်း၏ညာဘက်ဘေးရှိ East ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီတပ်က ထိန်းသိမ်း ထားသည်ဟု ကနဦးသတင်းရရှိသည်။

"ထိခိုက်မှုတေ့ာအတိအကျ မသိပါဘူး။ ကျွန်တော်တို့တွေလည်း ပြီးတာနဲ့ ပြန်ဆုတ်လာကြရတာမို့ပါ။ အခြေအနေက CCTV တွေများနေလို့ပါ။ ကျွန်တော် တို့ဘက်ကရဲဘော်တွေကတော့ Safe (ဘေးကင်း) ဖြစ်ပါတယ်။ ဘေး ဟိုတယ် က ဘာမဆိုင်ညာမဆိုင် လူကိုဖမ်းသွားတယ်လို့တေ့ာကြားမိလို့" ဟု Yangon Anti-Dictatorship Force က အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly