ဗြိတိန်မှ အခွန်ဆောင်သူများက စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ကြုံတွေ့နေရသော်လည်း တရုတ်က အကျိုးအမြတ်များစွာ ရရှိနေ

ဗြိတိန်မှ အခွန်ဆောင်သူများက စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ကြုံတွေ့နေရသော်လည်း တရုတ်က အကျိုးအမြတ်များစွာ ရရှိနေ

တရုတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီများအနေဖြင့် ဗြိတိန်နိုင်ငံ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှ အမြတ်အစွန်များ ရရှိနေကြောင်း ဗြိတိန်အခြေစိုက် အတ္တလန္တိတ်နိုင်ငံများ၏ မူဝါဒနှင့် နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ အကြံပေးအဖွဲ့ Henry Jackson Society မှ ဆက်ဆံရေးအရာရှိ ဆမ်အမ်းစထရောင်းက သတိပေးလိုက်သည်။

ဗြိတိန်တွင် လာရောက်လုပ်ကိုင်နေသည့် တရုတ်နှင့် ဟောင်ကောင်မှ ဝန်ဆောင်မှုကုမ္ပဏီများသည် စွမ်းအင်အတွက် အခကြေးငွေ အမြောက်အများဖြင့် ဗြိတိန်နိုင်ငံ၏ အခွန်ပေးဆောင်သူများထံမှ အမြတ်အစွန်း အများအပြားကို ရယူလျက်ရှိသည်။ ဗြိတိန်၏ စွမ်းအင် ဖြန့်ဖြူးရေး လုပ်ငန်းမှ ရရှိနေသည့် အမြတ်များကိုလည်း တရုတ်နိုင်ငံသို့ ပြန်ပို့နေကြောင်း ဆမ်အမ်းစထရောင်းက သတိပေးထားသည်။ ဗြိတိန်၏ စွမ်းအင်ကဏ္ဍတွင် ယခုကဲ့သို့ ပိုင်ဆိုင်မှုပုံစံ လုပ်ဆောင်ထားခြင်းကြောင့် တရုတ်အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လျှပ်စစ် ဓာတ်အားများကို ပိတ်ပစ်သွားလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

“ခင်ဗျားတို့ နိုင်ငံထဲက ဘယ်နေရာမှာနေနေ၊ ဘယ်ဝန်ဆောင်မှုကုမ္ပဏီကို ပေးနေရတာကို မသိတာပဲ ဖြစ်စေ တစ်ချိန်တုန်းက ဗြိတိန်အခွန်ပေးဆောင်သူတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဟာ အတိုင်းအတာတစ်ခုအထိတော့ တရုတ်နဲ့ ဟောင်ကောင်ကုမ္ပဏီတွေက ပိုင်ဆိုင်ထားသလို ဖြစ်နေပါပြီ” ဟုလည်း ၎င်းက ပြောကြားသည်။

“တရုတ်ရဲ့ ဆန္ဒက စီးပွားရေး ကြီးမားလာဖို့ဖြစ်ပြီး ဟောင်ကောင်ဟာလည်း ဗြိတိန်နဲ့ ချိတ်ဆက်မှု အားကောင်းခဲ့တဲ့ သီးခြားဒေသတစ်ခု ဖြစ်ခဲ့ပါတယ်”

“တဖြည်းဖြည်းနဲ့ တရုတ်က အာဏာရှင်နိုင်ငံ ပိုဆန်လာပြီး ကမ္ဘာအနှံ့မှ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်လာစေတာဟာ မေးခွန်းထုတ်စရာပါ”

ဗြိတိန်နိုင်ငံအတွင်းမှ ကုမ္ပဏီများကို ပိုင်ဆိုင်ထားသည့် တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ဝန်ထမ်းများကို ထည့်သွင်းကာ စိတ်ကြိုက် အမိန့်များကို ထုတ်ပြန်လျက်ရှိကြသည်။

ကာဗွန်ပြဿနာကို ဖြေရှင်းရန် စွမ်းအင်အတွက် အခကြေးငွေ များစွာပေးနေရသော်လည်း လက်ရှိအချိန်တွင် အဆိုပါ ငွေအမြောက်အများသည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly