စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူတာအိုကို သွားရောက်ရန် ထပ်မံစီစဉ်နေပြန်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူတာအိုကို သွားရောက်ရန် ထပ်မံစီစဉ်နေပြန်
ဓာတ်ပုံ- ပူတာအိုတွင်ကျင်းပနေသည့် ပြည်သူ့စစ်သင်တန်း

စက်တင်ဘာ ၂၈

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလလ ဆန်းပိုင်းတွင် ပူတာအိုသို့ သွားရောက်ရန် ထပ်မံစီစဉ်နေကြောင်း သတင်း ရရှိသည်။

စက်တင်ဘာလအကုန် အောက်တိုဘာလဆန်းပိုင်းလောက်တွင် စစ်ကောင်စီ ခေါင်းဆောင်နှင့် ထိပ်သီးခေါင်းဆောင်အချို့က ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန် ဖူး အစရှိတဲ့ သုံးနေရာသို့ ပြန်လည် လာရောက်မှာဖြစ်သည်ဟု စစ်ဘက်သတင်း အရင်း အမြစ်များက ပြောသည်။

သို့သော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သော သတင်းအရင်းအမြစ်များ ကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်မှာမဟုတ်ဘဲ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အခြားအရာရှိများသာ လာရောက်နိုင်ဖွယ် ရှိသည်ဟုဆိုသည်။

ထိပ်တန်းလျှို့ဝှက်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်အရာရှိကြီးများ၏ ပူတာအိုခရီးစဉ်အတွင်း ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင် တန်းတက်နေသော အဖွဲ့များနှင့်တွေ့ဆုံသွားဖို့ရှိနေနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ- ပူတာအိုတွင်ကျင်းပနေသည့် ပြည်သူ့စစ်သင်တန်း

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသမှာ ဌာနေ ပြည်သူ့စစ်အဖွဲ့ကဦးဆောင်ပြီး ဒုတိယအကြိမ် စစ်သင်တန်းသင်ကြားပေးနေရာ နောင်မွန်မြို့မှာ စစ်သင်တန်းသား ၁၀၀ နီးပါးနှင့် ခေါင်လန်ဖူးဒေသတွင် သင်တန်းသား ၂၀၀ နီပါး တက်ရောက်နေသည်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ယခု စက်တင်ဘာလ ၁၈ရက်နေ့မှာ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး၊ နှစ်ရက်တာအဖြစ်လာရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ လည်း စက်တက်ဘာလ ၁၉ရက်နေ့က ပူတာအိုဒေသသို့ သွားရောက်ဖို့အတွက် စီစဉ်ခဲ့ထားခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေး နည်းဗျုဟာ လုံခြုံရေးစီစဉ်ခဲ့ပြီးနောက် အဆိုပါခရီးစဉ်က ပျက်ပယ်သွားခဲ့ သည်။

ပထမအကြိမ် ပျက်ပယ်ခဲ့ရသည့် ပူတာအိုခရီးစဉ်တွင် စစ်ခေါင်းဆောင်ကမြို့ အတွင်း အခြေစိုက်ထားသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ နောင်မွန်မြို့ အနီးက မဂွေဇပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required