အလုပ်အကိုင်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ

အလုပ်အကိုင်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂၇

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူ ၁၂ ဦးကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက မူအန်ခရိုင် နယ်စပ်ကျေးရွာတစ်ရွာအနီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦး ပါသည့် အဆိုပါ မြန်မာနိုင်ငံသားများ ယင်းနေ့ ညနေ ၄ နာရီခန့်က သစ်တောထဲ ပုန်းနေကြစဉ် ထိုင်းကင်းလှည့် တပ်ဖွဲ့ Lat Ya Task Force မှ အဖွဲ့တစ်ခုက တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ မော်လမြိုင်၊ ပဲခူး၊ မြဝတီ နှင့် ရန်ကုန်တို့မှ လာသူများ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့သည် ဘန်ကောက်တွင် အလုပ်အကိုင်ရရန်အတွက် မြန်မာအေးဂျင့်များကို ဘတ် ၁၆,၀၀၀ စီ ပေးထားခဲ့ရသည်ဟုလည်း သိရသည်။

ယခုအခါ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန်နှင့် နေရပ်ပြန်ပို့ရေး လုပ်ဆောင်ရန် ၎င်းတို့ကို မူအန်း ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly