ဒေသတွင်း ထောက်ခံမှုဖြင့် တရုတ်အား ထိန်းချုပ်ကန့်သတ်ရေး မဟာဗျူဟာအတွက် အမေရိကန်သမ္မတ ကြိုးပမ်း

ဒေသတွင်း ထောက်ခံမှုဖြင့် တရုတ်အား ထိန်းချုပ်ကန့်သတ်ရေး မဟာဗျူဟာအတွက် အမေရိကန်သမ္မတ ကြိုးပမ်း

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် Quad အဖွဲ့၏ ထိပ်သီး အစည်းအဝေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် လက်ခံကျင်းပသည်။

အိမ်ဖြူတော်တွင် စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒအား ပစိဖိတ်ဒေသကို ဦးတည်ရန်နှင့် တရုတ်နိုင်ငံအား ထိန်းချုပ်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။

ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့အကြား Aukus လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာတွင် Quad အဖွဲ့အတွင်း ဆက်ဆံရေးတိုးတက်စေရန် ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ Aukus သဘောတူစာချုပ်အရ ဩစတြေးလျနိုင်ငံ၏ ရေငုပ်သင်္ဘောအုပ်စုသစ်အတွက် နျူကလီးယားတွန်းအားသုံးနည်းပညာကို မျှဝေပေးခဲ့သည်။

Aukus သဘောတူညီချက်နှင့် Quad အဖွဲ့သည် အမေရိကန်သမ္မတ၏ နိုင်ငံခြားရေးရာ မူဝါဒမှ အဓိကထောက်တိုင် ၂ ခုဖြစ်သည်။ သမ္မတဘိုင်ဒင်၏ ယင်းလုပ်ဆောင်ချက်သည် အာဏာရှင်ဝါဒ မပျံ့နှံ့အောင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများအကြား မဟာမိတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတ်မှတ်ခံထားရသည်။

သမ္မတဘိုင်ဒင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရင်ဆင်နှင့် ဂျပန်အစိုးရအဖွဲ့မှ နုတ်ထွက်တော့မည့် ဝန်ကြီးချုပ် ယိုရှီဟီဒဲတို့ အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် လာမည့်နှစ်မကုန်မီ အိန္ဒိယ၌ ကိုဗစ် ကာကွယ်ဆေးအရေအတွက် ၁ ဘီလျံအထိ ထုတ်လုပ်ရေး၊ ရာသီတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ရေကြောင်းသွားလာရေး သန့်ရှင်းသော ကွန်ရက်တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆိုက်ဘာလုံခြုံရေးနှင့် တရုတ်က ဈေးကွက်ကို လက်ဝါးကြီးအုပ်နေသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့ရောင်းချမည့် အခြားနည်းလမ်းများ ထူထောင်ရေးတို့ကို ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly